ကျွန်တော် မခွဲမစိတ်ရဘဲ အဆို့ရှင် လဲလိုက်နိုင်တယ်

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

ဦးဘိုမောင် (နှလုံးအဆို့ရှင်လဲလှယ်သည့်လူနာ၊ မန္တလေးမြို့)

 

နှလုံးရောဂါခံစားနေရတဲ့အတွက် အဆို့ရှင် လာလဲရတာပါ။ ဒီဝေဒနာ ခံစားရတာ တစ်နှစ်ကျော်ကျော်လောက် တော့ရှိပြီ။ ဒီကိုလာပြတဲ့အခါမှာ ဒီရောဂါကုဖို့အတွက် ရင်ဘတ်ခွဲရမယ်ပြောတယ်။ ခွဲရမယ်ပြောတော့ ရင်ဘတ် မခွဲချင်ဘူး။ အသက်(၆၉)နှစ်ရှိပြီ။ ပေါင်ခြံကနေကုရတဲ့ ကုထုံးတော့ရှိတယ်။ မလုပ်နိုင်သေးဘူး၊ လုပ်နိုင်ရင် လုပ်မလားလို့ ဒီကဆရာဝန်ကြီးတွေက ပြောထားတယ်။ အခုလုပ်နိုင်တဲ့အတွက် ကျွန်တော် မခွဲမစိတ်ရဘဲ အဆို့ရှင်လဲလိုက်နိုင်တယ်။ ဒါကြောင့် အခုကောင်းကောင်း မွန်မွန်နေနိုင်ပါတယ်။ မနေ့က ပြီးသွားတဲ့အတွက် အခုဆို သက်သက်သာသာရှိပါတယ်။ အသက်ရှူရတာလည်း ပေါ့သွားတယ်။ ကျေးဇူးတင်တာကတော့ ပြောကို မပြနိုင်ဘူး။ ကျွန်တော်စဖြစ်တုန်းကဆိုရင် စုပြီးဆုတ်ဆွဲခံရသလို ဖြစ်နေတယ်။ ဒီရောဂါကို ကုသပေးတဲ့ မြန်မာနိုင်ငံက ဆရာဝန်ကြီးတွေ၊ အဆို့ရှင်လှူဒါန်းပေးတဲ့ ကုမ္ပဏီနဲ့ စင်ကာပူကနေ လာပြီးကုသပေးတဲ့ ဆရာဝန်ကြီးတွေရော၊ အားလုံးကို အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း အများကြီး ကျန်းမာရေး ကောင်းသွားပါပြီ။

 

ဦးဘိုမောင်သည် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အရေးပေါ် နှလုံးသွေးကြောပိတ် ရောဂါကို ဆေးသွင်းခြင်းမပြုဘဲ တိုက်ရိုက် သွေးကြောချဲ့ပြီး ဒေါက်ထည့်ကုသသည့် ကုထုံးအသစ်ဖြင့် ကုသမှုခံယူခဲ့ခြင်းဖြစ်သည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)