ကျန်းရှီးပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၃၀၀၀၀ ဘေးသင့်

နန်ချောင်း   ဧပြီ   ၂၂

တရုတ်နိုင်ငံအရှေ့ပိုင်း  ကျန်းရှီးပြည်နယ် ဂန်းကျိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၃၀၀၀၀  သဘာဝဘေးသင့်ခဲ့ကြောင်း  ဒေသအာဏာပိုင် များက ဧပြီ ၂၂ ရက်တွင် ပြောသည်။

ဧပြီ ၂၀ ရက်မှ  ဧပြီ ၂၂ ရက် ညနေ ၃ နာရီအထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စီးပွားရေး တိုက်ရိုက်ဆုံးရှုံးမှု  အမေရိကန်ဒေါ်လာ ၅ ဒသမ ၆၇ သန်းခန့်ရှိခဲ့ကြောင်း ပြည်နယ်ရေကြီးမှုထိန်းချုပ်ရေးနှင့် မိုးခေါင်မှုလျော့ပါးရေး ဌာနချုပ်က ပြောသည်။

လတ်တလော ကျန်းရှီးပြည်နယ်တွင် မိုးရွာသွန်း မှုရပ်စဲသွားပြီဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်နယ် ရေကြီးမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်မှုလျော့ပါးရေးဌာနချုပ်က ဧပြီ ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် အဆင့် - ၄ ရေကြီးရေလျှံမှု တုံ့ပြန်ဆောင်ရွက်မှုကိုရပ်နားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။     

ဆင်ဟွာ