ကံမ မတ် ၂၅
ကံမမြို့နယ်အတွင်း တောမီးလောင်ကျွမ်းခြင်းများ လျှော့ချနိုင်ရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး ဟောပြောခြင်းကို ကံမမြို့ စပယ်ခြုံကျေးရွာ၌ ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကံမမြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲညွန့် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ကံမမြို့ စပယ်ခြုံကျေးရွာရှိ ကျေးရွာလူထု ၁၅၀ အား မီးဘေးလုံခြုံရေး အသိပညာ ပေးဟောပြောခြင်း၊ မီးသတ်ဆေးဘူးများ စနစ်တကျကိုင်တွယ် အသုံးပြုတတ်စေရန် ရှင်းလင်းပြောကြားခြင်း၊ တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းများ မပြုလုပ်စေရေးနှင့် မီးခိုးမြူငွေ့အန္တရာယ်ကင်းဝေးစေရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထို့ပြင် မြို့နယ်သစ်တောဦးစီးဌာန ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက တောမီးရှို့ခြင်းဖြင့် ရရှိလာနိုင်သည့် ဆိုးကျိုးများ၊ ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုဆိုင်ရာ ဘေးအန္တရာယ်များနှင့် သိမှတ်ဖွယ်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ကောင်းစစ်နိုင်


