ကျွန်မချစ်သော မြကျွန်းညိုနှင့် ကံ့ကော်မြိုင်

၅  ဒီဇင်ဘာ

ဂျပ်ဆင်ဝင်ပေါက်မှအဝင် ရေတမာပင်တန်းကြီးကလည်း ဆီးကြိုနေလျက်ရှိသည်။ မြက်ခင်းစိမ်းတွင် ငှက်ကလေး များ  ဆော့ကစားနေကြသည်။  ငုနဲ့ ပိတောက်ပင်များ ကလည်း ဆီးကြိုနေသည်။ ပင်ယံထက်ဆီက ကိုရွှေဥဩ လေးကလည်း တွန်ကျူးသံလေးနှင့်   နှုတ်ဆက်စကား ဆိုလေသည်။  တဖြည်းဖြည်း  လျှောက်လှမ်းလာရင်း အနုပညာအသင်းအခန်းအနီး    ရောက်သည်နှင့် တစ်ပြိုင်နက် ဆိုင်းသံ ဗုံသံများ ကားရသည်။

“တိုးဗေတိုးဗေ…..တိုးဗေတိုးဗေ…..ဗျေဗျေ တပ်ဗျေး ….. တပ်ဗျေး တပ်”

ရှင်းသန့် ငယ်စဉ် လေးနှစ်သမီးအရွယ်မှာကတည်းက အကဝါသနာပါခဲ့သည်။      မူကြိုကျောင်း   ကပွဲများမှ မူလတန်း၊ အလယ်တန်းကျောင်း ကပွဲများ၊ တိုင်းအဆင့်  ကပွဲများ၊   ဆိုကရေးတီးပြိုင်ပွဲများ၊    ရုပ်မြင်သံကြား ရိုက်ကူးရေးများ ပွဲပေါင်းစုံ ကခဲ့လေသည်။ ဒီလိုကခဲ့ပြီး အထက်တန်းမှာတော့ အနုပညာလပ်ရှားမှုများ ရပ်နားခဲ့ သည်။ ဒီလိုနဲ့  ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆို အောင်မြင်ပြီး ရန်ကုန်တကသိုလ်ကို ရောက်ရှိလာခဲ့သည်။

ရန်ကုန်တက္ကသိုလ်…..

ရန်ကုန်တက္ကသိုလ်ကြီးကား   ပန်းပေါင်းစုံဖူးပွင့် သည့် ဥယျာဉ်တောအုပ်ကြီးဖြစ်သည်။ စိန်ပန်း၊ ကံ့ကော်၊ ရေတမာ၊ သော်က၊ စွယ်တော်၊ ပိတောက်၊ ငုဝါ၊  ပုန်းညက် စသဖြင့် စုံလင်လှသည်။ အပွင့်ချင်းဆိုင်ကာ အလှချင်း ပြိုင်၍   ရနံ့ချင်းမြိုင်နေကြသည်။   အပင်တကာတို့၏ ခေါင်ချုပ်  သစ်ပုပ်ပင်ကြီးသည်လည်း လှမြဲလှဆဲ ဖြစ်ပေ သည်။ ဘွဲ့နှင်းသဘင်ခန်းမကြီးကလည်း   ရာဇဣန္ဒြေ အပြည့်ဖြင့် ခံ့ညားထည်ဝါ စွာ တည်ရှိနေသည်။ RC ခေါ် အပန်းဖြေရိပ်သာကလည်း    ပွဲလမ်းသဘင်များဖြင့် စည်ကားလျက်ရှိသည်။ သို့သော်  RC   ထဲရှိ တက္ကသိုလ် အနုပညာအသင်းကို  ၁၉၈၈ ခုနှစ်  နောက်ပိုင်းမှစတင်၍ တိတ်ဆိတ်စွာပိတ်ထားခဲ့ရသည်။  ဒီလိုပိတ်ထားခဲ့ရသည့်   ရန်ကုန်တကသိုလ် အနုပညာအသင်းကြီးကို   ဆရာ ဦးမျိုးမြတ်သူတို့၏   ဆော်ဩမှုဖြင့် ၂၀၁၈   ခုနှစ် ဇွန်လမှာ ပြန်လည်ဖွင့်လှစ်မည်ဟု သတင်းကားရသည်။  သည်လို နှင့် မိန်းထဲရှိ အပန်းဖြေရိပ်သာ (Recreation Center- RC) ဘက်သို့ ခြေဦးလှည့်ခဲ့သည်။

“အတူလေးရယ်တဲ့ ယှဉ်ကာပြိုင် ယှဉ်ကာပြိုင် x x x အတူလေးရယ်တဲ့    ယှဉ်ကာပြိုင်   ယှဉ်ကာပြိုင်  x x x ဖဲမွေ့ရာ ရွှေကော်ဇော ရောနှောလို့ထိုင် x x x” 

နတ်ဒိုးသံများ ကြားနေရသည်၊၊ စုံစမ်းကည့်လိုက်သည့် အခါမှာ ရန်ကုန်တကသိုလ် အနုပညာအသင်းဖွင့်ပွဲအတွက် အပျိုတော်အကတိုက်နေသည်ဟု သိရသည်။ အပျိုတော် အက.....   ရှင်းသန့်နဲမစိမ်းတဲ့အကဟု   ပြောလိုရသည်။ ခြောက်တန်း အ.ထ.က (၂) စမ်းချောင်းမှာကတည်းက ရှင်းသန့် အပျိုတော်ခေါင်းဆောင် ကခဲ့ပါသည်။   အဲဒါကြောင့်ပဲ အကသင်ပေးနေကြသည့်  ဆရာမကြီးတီချယ် ဒေါ်မူမူခင်နှင့်     တီချယ်ကီး   ဒေါ်တင်တင်နွယ် တိုကို     ခွင့်တောင်းပီး အကသင်နေသည့်  အစ်မနှစ်ယောက်    နောက်ကနေ အစမ်းလိုက်ကပါရစေလို့ ခွင့်တောင်းပီး လိုက်ကခဲ့သည်။

သုံးခေါက်မြောက်  လိုက်ကပြီးနောက်   ဖျော်ဖြေပွဲ အတွက် အဖွဲထဲမှာ   ရှင်းသန့်   ဝင်ကခွင့်ရခဲ့သည်။ အဲဒီ နေကား ၁၃.၆.၂၀၁၈ ရက်နေ့ ဖြစ်သည်။ ရှင်းသန့်အတွက်  သာမန်ရိုးရိုး ရက်စွဲမဟုတ်ပေ။ တကသိုလ် ကျောင်းသူအဖြစ် အနုပညာစတင်လပ်ရှားသည့်နေ့လို့ သတ်မှတ်လိုရပါသည်။

အလှပေါင်းစုံ   ဘာသာရပ်ပေါင်းစုံနှင့်   တင့်တယ်နေသည့် မြကျွန်းညိုမှာ အနုပညာ ပန်းပေါင်းစုံ  ဖူးပွင့် ဝေဆာ နေသည်။  ရှင်းသန့်လည်း  အနုပညာပန်းပွင့်လေး တစ်ပွင့်အဖြစ် အလှဆုံးဖူးပွင့်ဖို့ စတင်လေပြီ။

အမှတ်တရအဖြစ်ဆုံး အနုပညာအသင်းမှဖျော်ဖြေပွဲများ ၁၈.၆.၂၀၁၈ ရက်နေမှာ ကျင်းပသည့် ရန်ကုန် တကသိုလ် အနုပညာအသင်း သင်တန်းဖွင့်ပွဲ

ခန်းမထဲမှာ ရန်ကုန်တကသိုလ်ပါမောကချပ် ဒေါက်တာဖိုးကောင်းနှင့်တကွ ဆရာ ဆရာမများ၊ သတင်း မီဒီယာ သမားများ၊ ဖျော်ဖြေရေးသမားများ၊ ဆိုင်းအဖွဲသား ဆရာကီးများနှင့် အခြားဖိတ်ကားထားသော ဧည့်သည်များ ရောက်နှင့်နေကပီ။   ရှင်းသန့်တို့အဖွဲ့က အပျိုတော် ယိမ်းဖြစ်သည့်အတွက် ပွဲဦးဖျော်ဖြေတင်ဆက်ရသည်။ အပျိုတော်ယိမ်း ဖျော်ဖြေတင်ဆက်ရာမှာ   တီချယ်ကီး ဒေါ်တင်တင်နွယ်က    ဦးစွာ  ဖျော်ဖြေတင်ဆက် သည်။  ပြီးနောက်  ရှင်းသန့်တိုအဖွဲက  တစ်ဆက်တည်းဖျော်ဖြေ တင်ဆက်ရသည်။ ထို့နောက် အခြားသော  ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဆက်လက်ဖျော်ဖြေခဲ့ကြသည်။ ပွဲပီး သည်နှင့်တစ်ပြိုင်နက်   သတင်းဌာန အသီးသီးမှ သတင်းတင်ဆက်ကသည်။ သတင်းမှာ “ရန်ကုန်တကသိုလ် အနုပညာအသင်းကီး ပြန်လည်ဖွင့်လှစ်ပီ” တဲ့။

ဖွင့်ပွဲပီးသည့်နောက် ရှင်းသန့် အနုပညာအသင်း ဝင်ရောက်ခဲ့ပြီး    အကသင်တန်း    စတင်တက်ရောက် ခဲ့သည်။ အကသင်တန်းမှာ သင်ကားပေးသည့်  ဆရာမများ ကတော့    တီချယ်  ဒေသီတာဝင်း   (မိုးနတ်သူဇာ သီတာဝင်း)၊ ပန်တျာကျောင်းအုပ်  (ငိမ်း)  ဆရာမကီး တီချယ်  ဒေမူမူခင်၊   တီချယ်ကီး    ဒေတင်တင်နွယ်နှင့် တီချယ်    ဒေခင်နှင်းနှင်းကည်တို    ဖြစ်ကပါသည်။ ရှင်းသန့်က အကအပြင် ငါးတန်းနှစ်က စောင်းပညာကို ယဉ်ကျေးမှုက စောင်းဆရာကြီး ဦးချမ်းဆီမှာ လေ့လာ သင်ယူခဲ့ပါသည်။ ထို့ကြောင့် စောင်းပညာ အဆက်မပြတ်  စေလိုသည့်အတွက် စောင်းသင်တန်း  ထပ်မံတက်ရောက် ခဲ့ပါသေးသည်။ စောင်းကိုတော့ ဆရာကီး ဦးမောင်မောင်ခင် (တကသိုလ် မောင်မောင်ခင်) နှင့် ဆရာကီး ဒေါက်တာ ဌေးဝင်း (ရန်ကုန်တကသိုလ်ဆိုင်းအဖွဲ့  ရွာစား)  တိုက  သင်ကားပေးပါသည်။ ဆရာကီး  ဦးမောင်မောင်ခင်က ရန်ကုန်တကသိုလ်အနုပညာအသင်း စောင်းသင်တန်းနှင့် အဆိုသင်တန်း၏ အဓိက ဆရာတစ်ယောက်ဖြစ်ပါသည်။ အနုပညာအသင်းမှာ   အဆို၊  အက၊   စောင်းအပြင် ပတလားသင်တန်းလည်း ရှိပါသည်။ ပတလားသင်တန်း ကိုတော့ ဆရာကြီး ဦးမောင်မောင်သန်းနှင့် ဆရာကီး ဦးအောင်ကြည်မြင့်တို့က သင်ကားပေးပါသည်။

၇.၉.၂၀၁၈ ရက်နေမှာ ကျင်းပသည့်   “ရန်ကုန် တကသိုလ် အနုပညာအသင်း ၂၀၁၇-၂၀၁၈  ပညာသင်နှစ် သင်တန်းဆင်းသရုပ်ပြပွဲနှင့် ကချီခန်းအနုပညာ” ပွဲ

ဒီပွဲလေးကတော့  ရှင်းသန့်  အနုပညာအသင်းဝင် အဖြစ်နှင့် ပထမဦးဆုံးအကိမ် ဖျော်ဖြေတင်ဆက်ရသည့်ပွဲ  ဖြစ်ပါသည်။ အမျိုးအစားမတူညီသည့် ဖျော်ဖြေရေး လေးမျိုး ဖျော်ဖြေခဲ့ရသည်က ရှင်းသန့်အတွက် အမှတ်တရ ဖြစ်ခဲ့သည်။   အဲဒီပွဲမှာ   အပျိုတော်(အက)၊   ကန်းကန်းပိုင်သ(စောင်း)၊  အိမ်မက်စေတမန် (အက)၊ ကချီခန်း (အက) ပုံစံ လေးမျိုးဖြင့်  ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။        ရှင်းသန့်အတွက် အမှတ်တရ  ဖြစ်စေခဲ့သည်ကတော့  “ကချီခန်း အနုပညာ” ကို ကခွင့်ရခဲ့ခြင်းဖြစ်သည်။

၁၇.၁၂.၂၀၁၈ ရက်နေ့မှာ ကျင်းပတဲ့  ရန်ကုန်  တကသိုလ် ရာပြည့်အကြို    (၉၈)   နှစ်မြောက်  အထိမ်းအမှတ်   အနုပညာအသင်း ပဒေသာကပွဲ

သည်ပွဲလေးမှာ   ရှင်းသန့်က    ရန်ကုန်တကသိုလ် အနုပညာအသင်းမျိုးဆက်သစ် ကံ့ကော်မြိုင်အငိမ့်၏ ခေါင်းဆောင်မင်းသမီးအနေဖြင့် ကခွင့်ရခဲ့ပါသည်။

 

ရှင်းရှင်းသန့်

 

၆.၉.၂၀၁၉ ရက်နေမှာကျင်းပတဲ့ ရန်ကုန်တကသိုလ် အနုပညာအသင်း သင်တန်းဆင်းပွဲအခမ်းအနား

အဲဒီပွဲလေးကတော့ ရှင်းသန့်အတွက် အမှတ်တရ အဖြစ်ဆုံး ပွဲလေးပါ။ ဘာလိုလဲဆိုတော့ ရှင်းသန့်အနေဖြင့် အသင်းကလုပ်သည့်  ပွဲများ၊   ကျောင်းကလုပ်သည့်  ပွဲများမှာ အငိမ့်ကသည့်အခါ  playback   ဒါမှမဟုတ်  နောက်ခံ အဆိုတော် ဆိုပေးတာနှင့်ပဲ အမဲကခဲ့ပါသည်။

 ဒီပွဲလေးအတွက် အငိမ့်တိုက်တဲ့အချိန်မှာတော့ ဆရာကီး   ဦးမောင်မောင်သန်းက  “အငိမ့်မင်းသမီး ဆိုတာ ကိုယ်တိုင်ဆို၊ ကိုယ်တိုင်ကရတယ်။ ကရင်းဆိုတာ ဖြစ်မှ တကယ့် အငိမ့်မင်းသမီး။ အဆိုပုဒ်ကို ပြန်တီးပီး     အချမှာ  ကမ်းပြင်ကနေ    အလူးအလဲလှိမ့်ထရင်း နောက်အပုဒ်ကိုဆက်ဆိုကာ မောဟိုက်တဲ့ အသံ၊ မောမောနဲ ဆိုသံလေးတွေ အဲဒါမှ အငိမ့်မင်းသမီး အစစ်”  လို ပြောခဲ့ပါသည်။

ရှင်းသန့်လည်း ‘မမဲညို’ သီချင်းနှင့် ဖျော်ဖြေတင်ဆက်ဖို့ ဆိုရင်းကပီး လေ့ကျင့်ခဲ့သည်။  သို့သော် ယုံကြည်မှုတော့ လျော့နေသည်။ ‘ငါမဆိုနိုင်လောက်ဘူး’ ဆိုသည့်စိတ်ဝင်နေခဲ့သည်။         

အဲဒီအချိန်တွင် ကံ့ကော်မြိုင်၏    လူရင်တော်ဟောင်းကီး လူရွှင်တော်   ပေါ်ပေါ်(ခေါ်) ဆရာကြီး   ဦးဌေးမော်က ရှင်းသန့်ကို “ရှင်းသန့် ဘာလို့မဆိုနိုင်ရမှာလဲ၊ ဆိုနိုင်တယ်၊ များများလေ့ကျင့်ရတယ်၊ ဆိုနိုင်တယ်” ဆိုပီး  အားပေးခဲ့ပါသည်။ အဲဒီလို အားပေးမှုတွေနှင့်အတူ ရှင်းသန့်  အကောင်းဆုံး ဖျော်ဖြေနိုင်ခဲ့ပါသည်။ ရလဒ်အနေဖြင့်   ရှင်းသန့် ဆိုရင်းကသည့်မင်းသမီး တစ်လက်အနေဖြင့် အသိအမှတ်ပြုခံခဲ့ရသည်။   အဲဒီပွဲ ကပြီးနောက်ပိုင်း  ကသည့်ပွဲများ   ရှင်းသန့်ကိုယ်တိုင်   ဆိုကခဲ့ပါသည်။

၈.၁၂.၂၀၁၉   ရက်နေ့  အဓိပတိလမ်းကရင်ခုန်သံ ဂီတညချမ်းပွဲ

ဆရာကီး ဒေါက်တာဌေးဝင်း၊ ဆရာမကြီး တီချယ်ဒေါ်မူမူခင်တို၏  လမ်းန်မနှင့်အတူ ရန်ကုန်တကသိုလ် ဝိုင်းတော်သားတို၏ ဆီမီးခွက်အက ပြန်လည်ဖော်ထုတ်တင်ဆက်မမှာ ပါဝင်ခွင့်ရခဲ့ပါသည်။ သည်ဘက်ခေတ်တွင် LED မီးများနှင့် အစားထိုးကပြ   ဖျော်ဖြေနေကြသော်လည်း အဲဒီပွဲမှာတော့ တကယ့်ဆီမီးအစစ်နှင့်  ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး  ဆီမီးအကကို  ပြန်လည်ဖော်ထုတ် ကပြခဲ့ပါသည်။

ဝိုင်းတော်သားများအနေဖြင့် မောင်းဆိုင်း- မောင်သုတစိုး  (စတုတနှစ် ကွန်ပျတာသိပွံ)၊ နှဲ - ဆရာ ဦးညီရွှေ  (ကထိက - ငြိမ်း)အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်)၊ ပတ်မတီး-မောင်ကောင်းသန့်ဇော်  (ဒုတိယနှစ် သင်္ချာ)၊   အုပ်စုံ - မောင်ဟန်မင်းဗဏ် (စတုတနှစ် သတဗေဒ)၊ ဝါးလက်ခုပ် - မောင်ဝေဖြိုး (ဒုတိယနှစ် ဂုဏ်ထူးတန်း ရူပဗေဒ)၊ လင်းကွင်းကီး-မောင်အောင်ကိုကိုခန့်  (ဒုတိယနှစ် သင်္ချာ)၊    စည်တို- မောင်ဇော်အောင် (တတိယနှစ် ဘူမိဗေဒ) တိုက ပါဝင် တီးခတ်ထားပါသည်။

ရန်ကုန်တကသိုလ်    အနုပညာအသင်းအနေဖြင့် ဖျော်ဖြေခဲ့သည့်           တခြားဖျော်ဖြေပွဲများကတော့  The 46th Ship For Southeast Asian and Japanese Youth Program 2019 (23.11.2019)

ရန်ကုန်အဝေးသင်တကသိုလ်  ပါမောက္ခချုပ်၏ ဖိတ်ကားမနှင့်အတူ ဖျော်ဖြေခွင့်ရသည့် Japan Myanmar Cultural Exchange3D Mission  New Generation and University Communities (20.2.2020)

“သင်းရနံကြိုင်လိင် ကံ့ကော်မြိုင်”

ရှင်းသန့်ဘဝမှာ မှတ်တိုင်တစ်ခုထူနိုင်ခဲ့လေပြီ။

“ကံ့ ကော် မြိုင် ……”

၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ရန်ကုန် တကသိုလ်ကို သတင်းတစ်ခု  ဝင်လာခဲ့သည်။   ရန်ကုန် တကသိုလ်  ရာပြည့်အထိမ်းအမှတ်တကသိုလ်နှင့် ကောလိပ်ပေါင်းစုံ  အငိမ့်ပြိုင်ပွဲ  ရိုက်ကူးထုတ်လင့်ရန်အတွက် ရန်ကုန်တကသိုလ်က အငိမ့်အဖွဲ့တစ်ဖွဲ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပါသည်။ ကျောင်းတွင်းလူရွေးချယ်ပွဲ  ယှဉ်ပြိုင်ရမည့်ပုံစံမှာ  လူရွှင်တော်  နှစ်လက်၊  မင်းသမီး တစ်လက်ပါဝင်သည့်   သုံးယောက်တစ်ဖွဲ့ပုံစံ  ဖြစ်ပါသည်။ မင်းသမီးများအနေဖြင့် တစ်ဦးလျှင် သီချင်းနှစ်ပုဒ် ပြင်ဆင် ထားရန်ဖြစ်ပြီး      ကိုယ်တိုင်ဆိုကရမည်   ဖြစ်ပါသည်။  ရွေးချယ်ခံရမည့်အဖွဲသည်  နေပြည်တော်တွင် သွားရောက် ယှဉ်ပြိုင်ရိုက်ကူးရမည် ဖြစ်ပါသည်။

ဒီသတင်းကားသည်နှင့်    ရှင်းသန့်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ လုပ်သည်။    အဆို၊ အက   နှစ်ခုစလုံး ပိုင်နိုင်အောင်    လေ့ကျင့်ပြင်ဆင်ခဲ့သည်။   ဆရာကီး ဦးမောင်မောင်ခင်က အဆိုပိုင်းဆိုင်ရာမှာ  လိုအပ်သည်များ  ပြင်ပေးသည်။    အကပိုင်းဆိုင်ရာမှာတော့    ရှင်းသန့် အငြိမ့်တွေကြည့်သည်။  ကကွက်များကိုတော့  သီချင်းနှင့် လိုက်ဖက်အောင် အငိမ့်များကြည့်ရင်း  ကကွက်များကို ထွင်သည်၊ ထည့်သည်။ အဲဒီကကွက်များကိုမှ ရှင်းသန့်နှင့် လိုက်သည့် ကကွက်၊ မလိုက်သည့်  ကကွက်များကို ရှင်းသန့်၏အက partner ဖြစ်သည့် အနုပညာအသင်းမှာ မင်းသားကသည့်  အစ်ကို  ဝင်းမင်းအောင်က  ကည့်ပေးပါသည်။ အဝတ်အစားပိုင်းကိုတော့ ရှင်းသန့်၏ မေမေက ချုပ်ပေး သည်။ အားလုံးဝိုင်းဝန်းကူညီမနှင့်အတူ   ပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဩဂုတ် လ ၂၄  ရက်နေ့မှာ ပြိုင်ပွဲ result ထွက်သည်။ မင်းသမီးအနေဖြင့်   ရှင်းရှင်းသန့် (ရှင်းသန့် အရွေးခံရသည်)၊ လူရင်တော်များအနေဖြင့် ဟန်မင်းဗဏ်၊  လမ်းဘုန်းမိုး၊   စည်သူနိုင်၊   အောင်ကောင်းမြတ်တို့က ရွေးချယ်ခံကရသည်။

သို့သော်   ကိုဗစ်-၁၉   ကပ်ရောဂါကြောင့်   ပြိုင်ပွဲအစီအစဉ်ကနေ   ဖျော်ဖြေပွဲအသွင်   ပြောင်းလဲသွားသည့် အခါမှာတော့   ပြိုင်ပွဲအတွက်  မင်းသမီးတစ်လက်ကနေ ဖျော်ဖြေပွဲအတွက်    မင်းသမီးနှစ်လက်ကဖို    ပြန်လည် ပြင်ဆင်လိုက်ရပါသည်။ အဲဒီလိုပြန်လည်ပြင်ဆင်သည့်အခါ အငြိမ့်ပြိုင်ပွဲတွင် ပထမရသည့် ရှင်းသန့်က ခေါင်းဆောင် မင်းသမီး၊ ဒုတိယရသည့်  မမမွန်သီရိသော်က ရှေ့ထွက်မင်းသမီးအနေဖြင့် ပါဝင်ကပြတင်ဆက်ဖို ပြင်ဆင်ကပါသည်။

ရန်ကုန်တကသိုလ်   နှစ် (၁၀၀)  ပြည့်  ရာပြည့်သဘင် “ကံ့ကော်မြိုင်အငြိမ့်”  MRTV  ရုပ်သံရိုက်ကူးထုတ်လွှင့် နိုင်အောင်    စီစဉ်န်ကားပေးကြသည့်   ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား၊ ပညာရေး ဝန်ကီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်တကသိုလ် ပါမောကချပ် ဒေါက်တာဖိုးကောင်း၊ တာဝန်ခံ ပါမောကချပ်  ဒေါက်တာနီလာအောင်၊ ဒုတိယပါမောကချပ် ဒေါက်တာ သောင်းထိုက်၊ အငိမ့်အား ကီးကပ်ဆောင်ရွက်ပေးသည့် ရန်ကုန်တကသိုလ်   အနုပညာအသင်းဥကဋ္ဌ  ဆရာမကီး ဒေါက်တာစိုးမြမြအေး (ပါမောက/ဌာနမှူး ကွန်ပျတာသိပ္ပံ ပညာဌာန၊  ရန်ကုန်တကသိုလ်)၊   ရာပြည့်ဂုဏ်ပြုသီချင်း များကို   ရေးသားပေးကသည့်     အနုပညာအသင်းမှ အငိမ်းစား   ပါမောကဒေါက်တာဌေးဝင်း၊   ဂီတဝိဇ္ဇာ ဆရာအောင်ဝမ်းတူး၊  ကံ့ကော်မြိုင်အငိမ့် တေးသီချင်းများ  ကို    ရေးစပ်သီကုံးပေးကြသည့်    ဒေါက်တာဌေးဝင်း၊ ဂီတစာဆို  မောင်ကြေးမုံ၊ ကံ့ကော်မြိုင်  လူရွှင်တော်ကြီး ဦးမျက်မှန် (ဦးတင်မောင်ဌေး)၊ ရှင်းသန့် အကအလှများကို စေတနာအပြည့်ဖြင့်    သင်ကားပေးသည့်    အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတကသိုလ်မှ  ကထိကဆရာမ ခိုင်သဇင်သင်း၊     မမမွန်သီရိသော်၏   အကအလှများကို   သင်ကားပေးသည့် ရွှေမန်းဒေါ်ကျော့ကျော့မူ၊  ရှင်းသန့်တို့ မင်းသမီးနှစ်လက်စလုံးကို  အလှပဆုံး  မိတ်ကပ်ခြယ်မှုန်း ပေးသည့်   မိတ်ကပ်စိုးစိုး     (ရွှေပန်းချီကျော်ကျော်လင်းနှင့် အဖွဲ့)၊  အငိမ့်တစ်ခုလုံး၏ တေးဂီတများအား တီးခတ် ပေးသည့်  ရွာစား ကိုထက်အာကာ၊ ရွာစား စိန်မြတ်မော်၊ ရွာစား စိန်မုန့်လုံး၊ ပတ်မတီးပညာရှင် အဘ ဦးရှမ်းကီး (ဦးလှမြင့် ယဉ်ကျေးမ-ငိမ်း)၊ နှဲပညာရှင်များဖြစ်ကြသည့် ကိုအောင်မင်းဦး၊  ကိုမျိုးမင်းသန်း၊  ရွာစားလေး   ချစ်ဇွဲ၊ ကိုဇွဲပြည့်ပိုင် အားလုံး၏ အဘက်ဘက်မှဝိုင်းဝန်းကူညီပေး မှုကြောင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ ရန်ကုန် တကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့့်သဘင် အထိမ်းအမှတ် ရန်ကုန်တကသိုလ်  “ကံ့ကော်မြိုင်အငိမ့်”  အောင်မြင်စွာ ရိုက်ကူးပီးစီးခဲ့ပါသည်။

“၂၀၂၀ မှာ ရာပြည့်ပွဲသဘင် ကံ့ကော်မြိုင်အငြိမ့် ကြိုးစား လို့ဖြင့် ပျော်ပျော်ရွှင် x x xရွှေမင်းသမီးလေး  ရှင်းရှင်းသန့် ရဲ့     တေးအလှတွေလွင်     ကံ့ကော်မြိုင်အငြိမ့်သဘင် လက်ဆယ်ဖြာမိုး ဦးချကန်တော့ပန်းဆင် x x x”

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာတော့ MRTV  ကနေ     မြန်မာတစ်နိုင်ငံလုံးသို့    ထုတ်လွှင့်ပြသခဲ့ပြီး အားပေးမှုများ ရရှိခဲ့ပါသည်။

ရန်ကုန်တက္ကသိုလ်ဆိုသည်မှာ  ‘ကျောင်းစာ’ သာမက အားကစားနှင့် ပန်းချီ၊  ကဗျာ၊ လင်္ကာ၊ စာပေ၊  ဂီတ၊ အဆို၊ အက၊ အတီး စသည့်အနုပညာအဖုံဖုံကို လေ့ကျင့်ပေးနေသည့် မြကျွန်းညိုကြီး   ဖြစ်ပါသည်၊၊    ရန်ကုန်တက္ကသိုလ်က ခေါ်ယူသည့် အထူးပြုဘာသာရပ်များထဲကမှ ကိုယ်ကြိုက် နှစ်သက်သည့်  ‘ကုန်ထုတ်ဓာတုဗေဒ’   ဘာသာရပ်ကို ရွေးချယ်တက်ရောက်ခဲ့ပြီး စာသင်ချိန်ပြီးသည်နှင့် RC  ထဲက တက္ကသိုလ်အနုပညာအခန်းသည်    ရှင်းသန့်၏  ဒုတိယ စာသင်ခန်း ဖြစ်ခဲ့လေသည်။

ရန်ကုန်တက္ကသိုလ်ကရော     ရန်ကုန်တက္ကသိုလ် အနုပညာအသင်းကနေပါ ခေတ်အဆက်ဆက် ပေါ်ထွက် ခဲ့သည့် အနုပညာရှင်များသည် ယခုဆိုလျှင် မြန်မာနိုင်ငံ၏ အနုပညာလောက   နယ်ပယ်အသီးသီးတွင်  ပြည်သူလူထု အချစ်တော်  အနုပညာရှင်များ  ဖြစ်နေကြသည်ကိုလည်း ရှင်းသန့်အနေဖြင့် အားကျအတုယူမိပါသည်။ စာရေးဆရာ၊ ကဗျာဆရာ၊    ဒါရိုက်တာ၊    ရုပ်ရှင်ဂီတသမားများ၊ လူရွှင်တော်များ၊  အငြိမ့်မင်းသမီးများ . . . . . . . . . . စသည့် ရန်ကုန်တက္ကသိုလ်   ကျောင်းသား   ကျောင်းသူများထဲမှ ပေါ်ထွက်ခဲ့သည့်      အနုပညာရှင်များ     အများကြီးမှ အများကြီး။ ရှင်းသန့်အနေဖြင့် စီနီယာများ၏  အစဉ် အလာခြေရာကို အားကျအတုယူစိတ်ဖြင့် အောင်မြင် အောင် ဆက်လက်ကြိုးစားသွားမည်ဟု  ကတိပြုရင်း အမိရန်ကုန် တက္ကသိုလ်ကြီး နှစ်ပေါင်း ၁၀၀ မှသည် နောင်နှစ်ပေါင်း   ထောင်သောင်းမက  တည်တံ့ပါစေ ကြောင်း ဆုတောင်းစကား ဆိုလိုက်ရပါတယ်ရှင်။          

“မြကျွန်းညိုညို x x x ကွန်းခိုရာတက္ကသိုလ်မှာကြုံ x x x  စာပေဂီတနဲ့သာ အနုပညာ x x x အစစမှာလည်းစုံ              x x xတေးပဉ္စင် ငြိမ့်ငြိမ့်ညောင်း စုပေါင်းပါလို့ သီကျူးပုံ x x x တေးမင်္ဂလာ x x x ဘဝင်မှာအေးလို့ x x x ငြိမ်းချမ်းကြစေကုန် x x x”။ ။

ရှင်းရှင်းသန့်

 

SST