ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲကျင်းပ

ရန်ကုန် မတ် ၄

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ သူနာပြုတက္ကသိုလ် (မန္တလေး) ရှိ ကျောင်းသူ၊ ကျောင်းသားများအား လူ့အခွင့်အရေး အသိပညာဗဟုသုတ တိုးပွားလာစေရန်၊  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူ ပြုစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးမြင့်လာစေရန် ရည်ရွယ်၍ ကျန်းမာရေး စောင့်ရှောက်မှု အခွင့်အရေးဆိုင်ရာ ဆွေးနွေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် သူနာပြုတက္ကသိုလ်(မန္တလေး)၊ တော်ဝင်သဇင်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးဟောပြောပွဲသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ သူနာပြုတက္ကသိုလ် (မန္တလေး) မှ တာဝန်ရှိသူများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာတင်မောင် မောင်သန်း က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများက လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာများနှင့် ကျန်းမာရေး စောင့်ရှောက်မှု အခွင့်အရေးဆိုင်ရာ အကြောင်းအရာစသည့် ဘာသာရပ်များကို အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်