ကင်ဂျုံအန် နေမကောင်းဖြစ်သည်ကို အတည်မပြုနိုင်ဟု သမ္မတ ထရမ့် ပြောကြား

၂၂ ဧပြီ

မြောက်ကိုရီးခေါင်းဆောင်း ကင်ဂျုံအန်း စိုးရိမ်ဖွယ်ရာ နေမကောင်းဖြစ်နေသည်ဆိုသည့် သတင်းကို အစိုးရက အတည်မပြုနိုင်သေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်သည်။

 

ကင်ဂျုံအန်းသည် ခွဲစိတ်မှုပြုလုပ်ခဲ့ရသဖြင့် ကျန်းမာရေးအခြေအနေမှာ လွန်စွာ ဆိုးရွားနေကြောင်း အမေရိကန်အရာရှိတစ်ဉီး၏ ပြောကြားချက်ကို CNN နှင့် အခြားမီဒီယာများက  ကိုးကား၍ ဖော်ပြခဲ့ကြသည်။

 

အမေရိကန်အစိုးရသည် အဆိုပါ အခြေအနေကို အနီးကပ်စောင့်ကြည်နေကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 

မြောက်ကိုရီးယားနိုင်ငံမှ ထူးခြားသည့် လက္ခဏာများ မတွေ့ရှိရကြောင်း တောင်ကိုရီးယားအစိုးရက ပြောကြားခဲ့သည်။

 

အဆိုပါ သတင်းနှင့်ပတ်သက်ပြီး မည်သူတစ်ဦးတစ်ယောက်ကမှ အတည်မပြုနိုင်သေးကြောင်း ထရန့်က သတင်းထောက်များကို အင်္ဂါနေ့က ပြောကြားခဲ့သည်။

 

အကယ်၍ အဆိုပါ သတင်းသည် မှန်ကန်ခဲ့သည်ဆိုလျင်လည်း ကင်သည် ရောဂါဆိုးမှ ကောင်းမွန်စွာ ကျော်ဖြတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ထရန့် ထပ်လောင်းပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က ကင်သည် မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူဖြစ်သည့် အဖိုးဖြစ်သူ ကင်အီဆွန်း၏ ဂူဗိမာန်သို့သွားရောက်ခွင့် လွဲချော်ခဲ့သည်။

 

အဆိုပါ ပွဲသည် ကင်အီဆွန်း၏ မွေးနေ့ဖြစ်ပြီး နှစ်စဉ်ကျင်းပသည့် အဓိက ပွဲတစ်ခုလည်းဖြစ်သည်။

 

ပြုံးယမ်း၏ အပြင်ဘက်ရှိ သတ်မှတ်ထားသည့်နေရာတွင် ခွဲစိတ်ကုသမှုကို ခံယူနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

 

တစ်ပတ်ကျော်ကြာမြှင့်သည့်အချိန်အထိ  ကင်၏ လှုပ်ရှားမှုများကို မြောက်ကိုရီးယားနိုင်ငံ၏ တရားဝင် မီဒီယာများက ဖော်ပြခြင်း မရှိခဲ့ပေ။

 

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ကင်၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး ထင်မြင်ချက်များကို ဖြစ်ပေါ်စေခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်