ကနေဒါနိုင်ငံတွင် လေယာဉ် ပျက်ကျမှုဖြစ်ပွား သုံးဦးသေဆုံး

၁၂ ဒီဇင်ဘာ

 

ကနေဒါနိုင်ငံ ဂါဘရီအိုလာကျွန်းတွင် အင်္ဂါနေ့ ညပိုင်းက လေယာဉ်ငယ်တစ်စီးပျက်ကျခဲ့သဖြင့် သုံးဦးသေဆုံးခဲ့ကြောင်း စီတီဗွီ ရုပ်သံဌာနက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါ အင်ဂျင်နှစ်လုံးတပ် ပီပါ အယ်ရိုစတာ လေယာဉ်သည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် ဖရန့်စ်နို မြို့၏ အရှေ့မြောက်ဘက် ဘီရှော့ပ် လေဆိပ်မှ ကနေဒါနိုင်ငံ၏ ဗြိတိသျှကိုလံဘီယာ ပြည်နယ်ရှိ နာနိုင်မိုလေဆိပ်သို့ ဦးတည်ပျံသန်းလာစဉ် မီးလောင်ကျွမ်းကာ ပျက်ကျခဲ့ခြင်း ဖြစ်သည်။

 

mdn

 

ထိုလေယာဉ်ပျက်ကျမှုကြောင့် မြေပြင်တွင် ထိခိုက်သေဆုံးသူမရှိကြောင်း ဖော်ပြထားသည်။

 

လူဦးရေ ၄၀ဝ၀ ခန့် ရှိသော ဂါဘရီအိုလာကျွန်းသည် နာနိုင်မိုလေဆိပ် အရှေ့ဘက်တွင် ရှိသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်- မြင့်မြင့်ချို

 

mdn