ကနေဒါနိုင်ငံက နိုင်ငံခြားသား ခရီးသွား လာရောက်ခွင့်ကို တစ်လတိုးပြီး ပိတ်ပင်

၁ ဇူလိုင်

 

 

ကနေဒါနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားသား ခရီးသွားတွေကို နောက်ထပ် တစ်လတိုးပြီး ပိတ်ပင်လိုက်ကြောင်း၊ အမေရိကန် နိုင်ငံသားတွေ ကလွဲပြီး ကျန်နိုင်ငံခြားသားတွေဟာ  ဇူလိုင် ၃၁ ရက်အထိ လာရောက်ခွင့် မရှိကြောင်း အင်္ဂါနေ့က ထုတ်ပြန်ကြေညာ လိုက်တာဖြစ်ပါတယ်။

 

 

အမေရိကန်နိုင်ငံမှ ကနေဒါနိုင်ငံကို အရေးကြီးကိစ္စနဲ့ လာရောက်ခွင့်ကို အနည်းဆုံး ဇူလိုင် ၂၁ မှ ပြန်လည် လက်ခံမှာဖြစ်ပြီး အင်္ဂါနေ့က ထုတ်ပြန်ချက်ဟာ အမေရိကန်နိုင်ငံအတွက် အကျုံးမဝင်ကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံကနေ ကနေဒါနိုင်ငံကို အလည်အပတ် လာရောက်ခြင်း သို့မဟုတ် အပန်းဖြေရန် လာရောက်ခြင်း ခရီးစဉ်တွေကိုတော့ တားမြစ်ထားပါတယ်။

 

 

ကနေဒါနိုင်ငံကို နိုင်ငံခြားကနေ ရောက်ရှိလာမယ့် ကပ်ရောဂါပိုးကို တားမြစ်တဲ့အနေနဲ့ အခုလို တစ်လတိုးပြီး တားမြစ်တာဖြစ်ကြောင်း ကနေဒါနိုင်ငံ ပြည်သူ့ကျန်းမာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

လူဦးရေ ၃၇ သန်းနေထိုင်တဲ့ ကနေဒါနိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၁၀ဝ,ဝဝဝ ကျော်ရှိပြီး သေဆုံးသူက ၈,၆၀ဝ ကျော်ရှိနေတာကို တွေ့ရပါတယ်။

 

 

ဩဂုတ် ၃၁ ရက်နေ့အထိ ကနေဒါနိုင်ငံကို လာရောက်မယ့် ခရီးသွားတွေဟာ သီတင်းနှစ်ပတ်တိတိ သီးခြား စောင့်ကြည့်မှုအောက်မှာ နေထိုင်ရမယ်လို့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

MDN

ကိုးကား- AFP