ကန်ဒါဟာ ပြည်နယ်တောင်ပိုင်းတွင် အာဖဂန်တပ်များ စစ်ဆင်ရေးလုပ်ဆောင်၊ စစ်သွေးကြွ ၂၅ ဦး သေဆုံး

၁၈  ဒီဇင်ဘာ

 

အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာ ပြည်နယ်တောင်ပိုင်း ရှာရ်  ဝါလီ ကော့ ခရိုင်တွင် အာဖဂန်တပ်များ နယ်မြေရှင်းလင်းစစ်ဆင်ရေး ဆက်လက်လုပ်ဆောင်ရာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း  စစ်သွေးကြွ ၂၅ ဦးအထိ သေဆုံးခဲ့သည်ဟု  စစ်တပ်က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

 

တိုက်လေယာဉ်များ ကျောထောက်နောက်ခံပြုကာ ရှာရ် ဝါလီ ကော့ ခရိုင်ရှိ နယ်မြေများကို ယမန်နေ့ မနက်ပိုင်းကတည်းက အပြီးသတ်ရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ စစ်သွေးကြွ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

လုံခြုံရေးတပ်ဖွဲ့များ ထိခိုက်သေဆုံးမှု အရေအတွက်ကို သတင်းထုတ်ပြန်ခြင်းမရှိဘဲ ထိုနယ်မြေရှိ လက်နက်ကိုင်စစ်သွေးကြွများ ရှင်းလင်းပြီးသည်အထိ နယ်မြေရှင်းလင်းစစ်ဆင်ရေး လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

 

ကန်ဒါဟာပြည်နယ် ဒေသများတွင် လှုပ်ရှားနေသော တာလီဘန်စစ်သွေးကြွများကမူ ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး မှတ်ချက်ပြု ပြောကြားခြင်းမရှိသေးပေ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို