ကျွန်းစု၌ လျှပ်စစ်မီးခုံ အပူလွန်ကဲရာမှတစ်ဆင့် မီးလောင်

ကျွန်းစု  ၁၀  ဇွန် 


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ယမုံနာလမ်းနေ ဦးဇော်လင်းဟန်၏နေအိမ်တွင် ယမန်နေ့ ညနေ ၄ နာရီ မိနစ် ၂၀ က တပ်ဆင်ထားသည့် လျှပ်စစ်မီးခုံ အပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူးဦးဝင်းဇော်မိုးနှင့် တပ်ဖွဲ့ဝင်(၁၂)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကျွန်းစုမြို့မရဲတပ်ဖွဲ့စခန်းမှူးဒုရဲမှူးညွန့်ဝင်း ဦးစီးတပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ဦးဝင်းသောင်းပါ ဒေသခံပြည်သူများ၊ စုစုပေါင်း ၇၀ ခန့်က မီးသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခွဲ အချိန်က မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


မီးလောင်မှုကြောင့် ဦးဇော်လင်းဟန်ပိုင်နေအိမ် အနောက်ဘက်ခြမ်းနှင့် အိမ်အတွင်း အသုံးအဆောင် ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး လူ/တိရိစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ကျွန်းစုမြို့မရဲစခန်းမှ ဥပဒေနှင့်အညီ အရေးယူရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


စည်သူရအောင်(ကျွန်းစု)