ကျွန်းစု မတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် CEIR (Central Equipment Idenity Register-CEIR) နှင့် အခွန်ဆိုင်ရာကိစ္စရပ်များ အသိပေးရှင်းလင်း ဆွေးနွေးပွဲကို မတ် ၂၂ ရက်က ကျွန်းစုမြို့၊ အမှတ် ၃ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခွန်ဦးစီးဌာနမှူး ဦးသိုက်ထွန်း က အခွန်ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မြို့နယ်တာဝန်ခံ ဒေါ်နုနုလှိုင် က CEIR Public Portal တွင် မှတ်ပုံတင်ခြင်းဆိုင်ရာများနှင့် ပတ်သက်သည့်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက် လာသူများက သိလိုသည်များမေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)


