ကျွန်းစုမြို့နယ် ပဲ့တိုင်ကျေးရွာ၌ မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြို လဲ/အမိုးလန် ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့

ကျွန်းစု  ၁ သြဂုတ်  

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာ၌  ဇူလိုင်လ ၃၁ ရက် ညနေ ၃ နာရီ ၃၀ မိနစ်ခန့်က မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် လူနေအိမ်(၂)လုံး ပြိုလဲပြီး လူနေအိမ် (၄)လုံး အမိုးအကာများ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။   

 

2

 

အဆိုပါ မိုးသက်လေပြင်းများတိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုလဲ/အမိုးလန်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော်လည်း လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း နေအိမ်အပျက်အစီးများအား ကျေးရွာတာဝန်ခံ ဦးအောင်ငယ်နှင့် ကျေးရွာသူ/ကျေးရွာသားများမှ ကူညီဖယ်ရှားရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။ 

 

3

 

မိုးသက်လေပြင်းများတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၆)စုတို့မှ မိသားစုဝင် အမျိုးသား ၂၁ ဦး၊  အမျိုးသမီး ၁၁ ဦး၊  စုစုပေါင်းလူဦးရေ အမျိုးသား/အမျိုးသမီး (၃၂)ဦးတို့ အား ၎င်းကျေးရွာရှိ ဆွေမျိုးသားချင်းနှင့် အသိမိတ်ဆွေများ၏ နေအိမ်များသို့ ယာယီပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း သိရသည်။

မြင့်ဦး(မြိတ်)