ကန့်ဘလူမြို့နယ်၌ မိုးစပါး ၁၆၂၆ ဧက စိုက်ပျိုးပြီးစီး

ကန့်ဘလူ ဩဂုတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် မိုးစပါး ၁၄၅၁၁၅ ဧက လျာထား စိုက်ပျိုးလျက်ရှိပြီး ဇူလိုင် ၂၀ ရက်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၁၆၂၆ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး ဖြစ်သည်။ အဆိုပါ မိုးစပါးများ လျာထားချက် ပြည့်မီအောင်စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)