ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအနီးရှိ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက် NUG ရုံးအား တိုက်ခိုက်ချေမှုန်းမှုနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြန်လည်ဖြေကြားချက်

 

 

ပထမဦးဆုံးကတော့ ဒီကန့်ဘလူဒေသ ပဇီကြီးကျေးရွာနဲ့ ပတ်သက်ပြီးတော့ နောက်ခံအခြေအနေကို  သိထားဖို့လိုပါတယ်။  ဒီနှစ်မတ်လပိုင်းက ပဇီးကြီးကျေးရွာဥက္ကဋ္ဌကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေက စွပ်စွဲပြီးတော့ သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်တွေ ရှိခဲ့တယ်။ ပြီးရင် ပဇီကြီးကျေးရွာမှာ တစ်ရွာလုံးကို ခြိမ်းခြောက်ပြီး PDF အဖြစ် ခိုင်းတဲ့ဟာတွေရှိတယ်။ နောက်ကွယ်မှာရှိနေတဲ့ အဖွဲ့တွေကိုလည်း သိပြီးဖြစ်ပါလိမ့်မယ်။ ဒီနောက်ပိုင်းမှာတော့ NUG / CRPH အမည်ခံ အကြမ်းဖက်အဖွဲ့တွေနဲ့ လှုံ့ဆော်နေတာတွေ လည်း တွေ့ရလိမ့်မယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ တချို့သော ကျေးရွာတွေမှာ ခုနပြောတဲ့ သူတို့အကြမ်းဖက်ကိုပဲ အမည်ခံထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို ဟာမျိုးတွေ ပြီးရင်တော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရုံးတွေဖွင့်ဖို့ လှုံ့ဆော်နေတာတွေရှိပါတယ်။ တပ်မတော် အနေနဲ့ကတော့ ဒီဒေသမှာ တည်ငြိမ်အေးချမ်းရေးအတွက် ကျွန်တော်တို့ ဆောင်ရွက်နေတာ ရှိပါတယ်။ အခုဆိုရင်လည်း စစ်ကိုင်းတိုင်းဒေသကြီးမှာ ဘုန်းကြီးတွေ၊ ရဟန်းတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ ပြီးရင် အပြစ်မဲ့ပြည်သူလူထုကို စွပ်စွဲသတ်ဖြတ်တာ အများဆုံးဒေသဖြစ်ပါတယ်။ ပြီးရင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာပဲ သူတို့ကို မထောက်ခံတဲ့သူတွေ၊ သူတို့ကို မထောက်ခံတဲ့ရွာတွေကို မီးရှို့ဖျက်ဆီးတာလည်း အများဆုံးဖြစ်ပါတယ်။

 

ဒီမနက်ဖြစ်စဉ်မှာတော့ မနက် ၈ နာရီ လောက်မှာ အဲဒီပဇီကြီးကျေးရွာမှာ NUG/CRPH အမည်ခံအဖွဲ့ သူတို့ပြောနေတဲ့ ရုံးခန်းဖွင့်ပွဲဆိုတဲ့ဟာ လုပ်ပါတယ်။ ပြီးရင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အမည်ခံ၊ PDF အမည်ခံအဖွဲ့တွေရဲ့ ရုံးဖွင့်ပွဲဆိုတဲ့ဟာ လုပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဟာနဲ့ပတ်သက်ပြီး တိုက်ခိုက်မှုရှိပါတယ်။

 

တိုက်ခိုက်မှုရှိတဲ့အခါမှာတော့ ကျွန်တော်တို့ ဒီအခမ်းအနားမှာရှိနေတဲ့ PDF အမည်ခံအဖွဲ့တွေ သေဆုံးတယ်ဆိုတာလည်း ကျွန်တော်တို့ သိရပါတယ်။ ဒါပြောရမယ်ဆိုရင်တော့ နိုင်ငံတော် အစိုးရ၊ ပြည်သူလူထုကို ဆန့်ကျင်လုပ်ဆောင်နေတဲ့အဖွဲ့တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အရင်တုန်းကအတိုင်း ပြောခဲ့ဖူးသလို ပုံတွေတက်လာတာလည်း တွေ့ရမှာဖြစ်ပါတယ်။ အဖွဲ့တွေတော်တော်များများဟာ ယူနီဖောင်းတွေနဲ့ ပုံတွေလည်းဖြစ်ပါတယ်၊ တချို့လည်း အရပ်ဝတ်နဲ့ ပုံပါချင်ပါမှာပေါ့။ ဒါတွေကတော့ သူတို့အနေနဲ့ကတော့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ အရပ်ဝတ်နဲ့ သေဆုံးသွားတယ်ဆိုရင် အရပ်သားသေဆုံးတယ်လို့ ပြောတယ်။ သူတို့အောင်ပွဲရရင်တော့ PDF ပါဆိုပြီး ပြောတဲ့ဟာတွေရှိပါတယ်။ ဒီလိုစွပ်စွဲချက်တွေကတော့ ထွက်ပေါ်နေမှာပဲဖြစ်ပါတယ်။ ပြီးရင် ကျွန်တော်တို့ မြေပြင်သတင်းမှာလည်း ရရှိတဲ့သတင်းအရ ဒါဟာ ကျွန်တော်တို့ရဲ့ တိုက်ခိုက်မှု တစ်ခုတည်းကြောင့် ဖြစ်သွားတာမဟုတ်ပါဘူး။ မြေပြင်မှာတော့ အဲဒီအဖွဲ့တွေအနေနဲ့ အဲဒီနေရာလေးတစ်ဝိုက်မှာ သူတို့ PDF အဖွဲ့ကနေ အသုံးပြုနေတဲ့ မိုင်းတွေထောင် ထားတာတွေရှိတယ်။ ပြီးရင် PDF အဖွဲ့အသုံးပြုနေတဲ့ ယမ်းတွေ၊ မိုင်းတွေကို သိုလှောင်ထားတဲ့ ခဲယမ်းထားရှိတဲ့နေရာရှိတယ်။ အဲဒီနေရာတည့်တည့်ကို ကျွန်တော်တို့ လက်နက်ထိမှန်တဲ့ အတွက်ကြောင့်မို့လို့ ပေါက်ကွဲပြီးတော့ သေဆုံးသွားတယ်ဆိုတာကိုလည်း ကျွန်တော်တို့ သတင်းအတိအကျ ရရှိထားပြီးဖြစ်ပါတယ်။ ဒီ PDF အမည်ခံအဖွဲ့တွေဟာ မြေပြင် လုပ်ဆောင်နေတာတွေဟာ တကယ့်စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တယ်။ မြေပြင်မှာ လုပ်ဆောင်နေတာတွေဟာ တကယ့်ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေတာ ဖြစ်တယ်။ သူတို့ရဲ့လုပ်ဆောင်နေတဲ့ဟာတွေက သူတို့ကို မထောက်ခံတဲ့ရွာ၊ မထောက်ခံတဲ့ရွာတောင် မဟုတ်ဘူး။ ကြားနေတဲ့ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ခြိမ်းခြောက်တာတွေ လုပ်တယ်။ ဒါ့အပြင် သူတို့အနေနဲ့ ကျွန်တော်တို့ မကြာခဏ သတင်းထုတ်ပြန်ပြီးဖြစ်တယ်။ ကျေးရွာတွေမှာရှိတဲ့ ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေကို ခံစစ်နေရာအဖြစ် အသုံးပြုတာတွေရှိတယ်။ ကျေးရွာတွေမှာရှိတဲ့ စာသင်ကျောင်းတွေကို ပိတ်ခိုင်းထားပြီး တချို့နေရာတွေမှာ သဲအိတ်တွေထပ်ပြီး ဘန်ကာသဖွယ် အသုံးပြုနေတဲ့ဟာမျိုး တွေရှိတယ်။ ဒါ့အပြင် သူတို့ရဲ့ပိုပြီး ယုတ်မာမှုက ဘာကိုယုတ်မာလဲဆိုတော့ သူတို့တစ်ခုခု အခမ်းအနား တစ်ခုလုပ်ပြီး သင်တန်းဥပမာပေါ့နော် PDF အကြမ်းဖက်အဖွဲ့ မတက်မနေရ၊ တစ်အိမ်ကို တစ်ယောက် မတက်မနေရဆိုပြီး ခြိမ်းခြောက်တဲ့အနေနဲ့ တက်ခိုင်းတယ်။ ရက်ပိုင်းမှာ သင်တန်းဆင်းပွဲ လုပ်တယ်။ လုပ်ပြီဆိုရင် မဖြစ်မနေ အိမ်တိုင်းက မိန်းမတွေ၊ ကလေးတွေပါ ထွက်ပြီးတော့ကျမှ အားပေးဝန်းရံတယ်ဆိုပြီး လုပ်တာတွေ တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့တောင်မှ စုံစမ်းစရာမလိုဘူး။ သူတို့ဆီကနေ ထွက်ပေါ်နေတဲ့ ပုံတွေက ကလေးတွေကအစ သေနတ်ကိုင်ထားတဲ့ပုံတွေ တွေ့ရပါလိမ့်မယ်။ ကလေးတွေကအစ သူတို့အကြမ်းဖက်အဖွဲ့ကို ကြိုဆိုခိုင်းထားတာတွေ တွေ့ရပါလိမ့်မယ်။ ဒီလိုတိုက်ခိုက်တဲ့နေရာမှာ ကျွန်တော်ပြောသလို သူတို့ရဲ့လက်နက်ခဲယမ်းတွေ၊ ယမ်းတွေ သိုလှောင်ထားတဲ့နေရာ ထိမှန်ခဲ့တာရှိတယ်။ အဲဒီကနေ ပေါက်ကွဲခဲ့တာရှိတယ်။ အဲဒီကနေ ပေါက်ကွဲခဲ့တဲ့ အတွက်ကြောင့်မို့လို့ ခုနပြောတဲ့ သူတို့အတင်းဝန်းရံခိုင်းထားတဲ့သူတွေပေါ့၊ PDF ထောက်ခံသူတွေ၊ ဒါမှမဟုတ် သူတို့ကိုကြောက်လို့ ဝန်းရံနေရတဲ့သူတွေရဲ့ ထိခိုက် ဒဏ်ရာရရှိမှုတော့ ရှိကောင်းရှိနိုင်တယ်လို့ပဲ ကျွန်တော်ဖြေချင်ပါတယ်ဗျ။