ကမ္ဘောဇဘဏ်မှ အပ်ငွေပုံစံသစ် စတင်မိတ်ဆက်

mdn

နေပြည်တာ် ၂၈ ဧပြီ

 

ကမ္ဘောဇဘဏ်မှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကာလရှည်အပ်ငွေ ပုံစံအသစ်ကို မေလ ၁ ရက်နေ့တွင် စတင်သွားမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

 

 

ကာလရှည် အပ်ငွေစာရင်းများ၏ အတိုးနှုန်းရရှိမည့် ပမာဏကို ၈% မှ ၁၀.၇၅% အတွင်း ကာလအလိုက် အဆင့်ဆင့် ပြောင်းလဲသတ်မှတ် သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ယခင် စာရင်းသေအပ်ငွေများမှာ မူလနှုန်းဟောင်းဖြင့် အပ်နှံထားသည့် ကာလအထိ ပြောင်းလဲမှုမရှိဘဲ အတိုး ဆက်လက်ရရှိမည် ဖြစ်ပြီး မေလ ၁ ရက်နေ့မှ စတင်၍ အသစ်အပ်နှံသော စာရင်းသေအပ်ငွေများနှင့် သက်တမ်းတိုးအပ်နှံသော စာရင်းသေအပ်ငွေများသည် ယခုပြောင်းလဲသတ်မှတ်သည့် အတိုးနှုန်းအသစ်ဖြင့် အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။ 

 

ထို့အပြင် လက်ရှိကာလအတွင် အဖွဲ့အစည်းများ (Corporate)၏ စာရင်းသေအပ်ငွေအား (၃) နှစ် အပ်နှံမှုများကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ 

 

MDN