ကမ္ဘောဒီးယားနိုင်ငံ၌ ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မေလတွင် လက်ခံကျင်းပရန်အဆင်သင့်ဖြစ်

ဧပြီ ၂၇

 

ကမ္ဘောဒီးယားနိုင်ငံတွင်  ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ( ဆီးဂိမ်း )ကို ၆၄ နှစ်ကြာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မေလ ၅ ရက်မှ ၁၇ ရက်အထိ လက်ခံကျင်းပရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။

 

ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားအိုလံပစ်ကော်မတီဉက္ကဌ၊ ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး သောင်ခွန်က ဆီးဂိမ်းပွဲလာရောက်ကြမည့် ပွဲကြည့်ပရိသတ်များနှင့် ပါဝင်သူများအားလုံးကိုမိမိတို့နိုင်ငံက ကြိုဆိုမျှော်လင့်ပါကြောင်း ပြောကြားသည်။

 

မြို့တော်ဖနွမ်ပင်ရှိ မိုရိုဒေါ့ခ်တီချိုအမျိုးသားအားကစားကွင်းသို့လာရောက်ကြမည့် အားကစားသမားများ၊ နည်းပြများနှင့် ပြည်ပနိုင်ငံအားလုံးမှဧည့်သည်များအား ကြိုဆိုမျှော်လင့်နေပါကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၎င်းကပြောသည်။

 

မကြာမီကျင်းပတော့မည့်အားကစားပြိုင်ပွဲများတွင် လူဦးရေ ၆၇၅ သန်းကျော်ရှိသည့် အရှေ့တောင်အာရှ ၁၁ နိုင်ငံမှ အားကစားသမား ၅၀၀၀ ကျော်ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ဝန်ကြီးချုပ် ဆမ်ဒက်တီချိုဟွန်ဆန်က ထိုအားကစားပြိုင်ပွဲများကို မေလ ၅ ရက်တွင် ဖွင့်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

အားကစားသမားများသည် ဘောလုံးပွဲ၊ ကျွမ်းဘား၊ ဂျူဒို၊ ကရာတေးကိုယ်ခံပညာ၊ ရေပေါ်ရေအောက်အားကစားနည်းများအပါအဝင် အားကစားနည်း ၃၈ မျိုး၊ အားကစားပွဲစဉ် ၅၈၉ တွင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို