ကမ္ဘောဒီးယားအစိုးရကို တရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပပေးဖို့ နိုင်ငံပေါင်း ၄၅ နိုင်ငံက တိုက်တွန်း

၂၃ မတ်

ကမ္ဘောဒီးယားနိုင်ငံမှာ လာမယ့် ဂျူလိုင်လမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲအဖြစ် ကမ္ဘောဒီးယားအစိုးရက ကျင်းပပေးဖို့ နိုင်ငံပေါင်း ၄၅ နိုင်ငံက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

အဲဒီတိုက်တွန်းတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်၊ ဗြိတိန် နဲ့ ပြင်သစ်နိုင်ငံတို့လည်း ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။ အဲဒီတိုက်တွန်းတဲ့ ပူးတွဲကြေငြာချက်ကို ဗုဒ္ဓဟူးနေ့က ဂျီနီဗာရှိ ကုလသမ္မဂ လူ့အခွင့်ရေးကောင်စီမှာ ထုတ်ပြန်တာဖြစ်ပါတယ်။

ကမ္ဘောဒီးယားအစိုးရ က ပြီးခဲ့တဲ့နှစ်က အကြီးဆုံးအတိုက်အခံပါတီဖြစ်တဲ့ ကမ္ဘောဒီယားအမျိုးသားကယ် တင်ရေးပါတီ (CNRP) ခေါင်းဆောင် ခမ်ဆောင်ခကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ စွပ်စွဲပြီး ဖမ်းဆီးထားပါတယ်။

ဦးဆောင်မှုပေးနေတဲ့ အကြီးအတိုက်အခံပါတီ (CNRP) ကို ဖျက်သိမ်းပြီး အဲဒီပါတီက ထိပ်တန်းပါတီ အဖွဲ့ဝင်တွေကို နိုင်ငံရေးလုပ်ခွင့် ငါးနှစ် ပိတ်ပင်ထားပါတယ်။

နိုင်ငံ ၄၅ နိုင်ငံရဲ့ ပူးတွဲကြေငြာချက်မှာ အကြီးဆုံး အတိုက်အခံပါတီကို ရွေးကောက်ပွဲ မဝင်နိုင်အောင် လုပ်ဆောင်ထားတဲ့ အထွေထွေ ရွေးကောက်ပွဲဟာ စစ်မှန်ပြီး တရားဝင်တဲ့ ရွေးကောက်ပွဲလို့ ပြောဖို့ မဖြစ်နိ်ုင်ကြောင်း ရေးသားထားပါတယ်။

ကမ္ဘောဒီးယား အစိုးရက အဲဒီပူးတွဲကြေငြာချက်အပေါ် ရာဇဝတ်မှု ကျူးလွန်တဲ့သူတွေကို တရားဥပဒေအရ အရေးယူတာက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအပေါ် ခြိမ်းခြောက်မှုရှိမှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား တုန့်ပြန်ထားပါတယ်။

ဘာသာပြန် MDN
ကိုးကား NHK