ကမ္ဘာ့ဖလားတွင် ဩစတြေးလျအသင်း၏ အသက်ငယ်ဆုံး ဂိုးသွင်းသူ ဖြစ်လာသည့် အီရန်ကွန်ဒါ
တောင်ပံတိုက်စစ်ကစားသမား နက်စတိုရီ အီရန်ကွန်ဒါသည် တူကီယဲအသင်းကို နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့သော ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်တွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် ဩစတြေးလျအသင်း၏ အသက်အငယ်ဆုံး ဂိုးသွင်းယူ သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
၎င်းသည် အဆိုပါ ပွဲစဉ်တွင် ပွဲကစားချိန် ၂၇ မိနစ်၌ အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ အီရန်ကွန်ဒါ (အသက် ၂၀ နှစ်နှင့် ၁၂၅ ရက်) သည် ၂၀၁၀ ပြည့်နှစ်က ဂါနာအသင်းဘက်သို့ ဂိုးသွင်းယူနိုင်ခဲ့သော ဘရက်သ်ဟိုးမန်း (၂၆ နှစ်နှင့် ၈၄ ရက်) စံချိန်ကို ကျော်ဖြတ်ကာ မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သည်။
အီရန်ကွန်ဒါသည် ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်အသင်းကစားသမား တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်ရာသီက အသင်းအတွက် ၄၂ ပွဲ ပါဝင်ကစား ပေးထားပြီး လေးဂိုးသွင်းကာ လေးကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးထားသူ ဖြစ်သည်။
မိုးဇက်


