ပေကျင်း၊ စက်တင်ဘာ ၂၈
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင် တရုတ်နိုင်ငံက တက်ကြွစွာ ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်က ပြောကြားသည်။
အရေးကြီးသော မဏ္ဍိုင်ဖြစ်
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရို၏ သုတေသနဆွေးနွေးပွဲတွင် ရှီကယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် နိုင်ငံစုံစနစ်၏ အရေးကြီးသောမဏ္ဍိုင်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစီမံခန့်ခွဲမှုအတွက် အရေးကြီးသော အဖွဲ့ အစည်းဖြစ်ကြောင်း ရှီက ပြောကြားသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော်ကတည်းက အဖွဲ့ဝင်အဖြစ် စတင်ဝင်ရောက်ခဲ့သည့် တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ကုန်စည်ကူးသန်းရောင်းဝယ်ရေးနှင့် နိုင်ငံနှင့် ဒေသပေါင်း ၁၄၀ ကျော်အတွက် အဓိကကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် ပျမ်းမျှ ၃၀ရာခိုင်နှုန်းနီးပါး ပံ့ပိုးပေးခဲ့သည် ဟု ရှီက မှတ်ချက်ပြုပြောကြားခဲ့သည်။
တန်ဖိုးထားဆောင်ရွက်
တရုတ်နိုင်ငံသည် ကုန်သွယ်ရေးဆိုင်ရာ နိုင်ငံစုံ ဘုံအကျိုးစီးပွား ဖော်ဆောင်ရေးကို ကာကွယ်မည်ဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ပြုပြင်ပြောင်းလဲရေးကိုလည်း တန်ဖိုးထားဆောင်ရွက်မည်ဖြစ်ကြောင်း ရှီက ထပ်လောင်း ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ