ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု တံခွန်စိုက်ပြိုင်ပွဲတွင် မြန်မာမှ ထွန်းထွန်းအောင် ငွေတံဆိပ်ဆွတ်ခူး

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပလျှက်ရှိသည့် (၁၀)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု တံခွန်စိုက် (10th`World Bodybuilding And Physique Sports Championship 2018) ပြိုင်ပွဲကို ဒီဇင်ဘာ ၁၄ ရက်က စတင်ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံကိုယ်စားပြု လက်ရွေးစင် အားကစားသမား ထွန်းထွန်းအောင်က ငွေတံဆိပ်ဆု ဆွတ်ခူးထားကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ၅၅ ကီလိုတန်း၌ အိန္ဒိယကပထမ၊ မြန်မာမှ ထွန်းထွန်းအောင်က ဒုတိယ၊ ဗီယက်နမ်က တတိယ၊ ကျော်မင်းသန်းက စတုတ္ထနေရာ ရရှိပြီး၊ ၆၅ ကီလိုတန်းတွင် ထွန်းမင်းက စတုတ္ထရရှိ၍ ၇၀ကီလိုတန်းတွင် အောင်ခိုင်ဝင်းသည် အုပ်စုပြိုင်ပွဲနဲ့သာ ကျေနပ်ခဲ့ရသည်။ 

မြန်မာအားကစားသမားများသည် ဒီဇင်ဘာ ၁၅ ရက်တွင် အမျိုးသမီး ၁၆၀ စင်တီမီတာအောက်တွင် နန်းလောင်ခမ်းနှင့် ဒီဇင်ဘာ ၁၆ ရက်တွင် အလွတ်တန်းပြိုင်ပွဲများ၌ ထွန်းထွန်းအောင်နှင့် နှင်းနှင်းအေးတို့ ဆက်လက် ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ 

 

အာကာစိုး