ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ် ဆင်စာဘူဖေးကျွေးခြင်းများ ကျင်းပ

ညောင်ဦး ဩဂုတ် ၁၂

ဩဂုတ် ၁၂ ရက်တွင် ကျရောက်သော ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို မြန်မာပြည် အရပ်ရပ်ရှိ ဆင်စခန်းအသီးသီးတွင် ဆင်စာဘူဖေးကျွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆင်စခန်း ၂၂ ခုတွင် ဆင်စာဘူဖေးအဖြစ် နာနတ်သီး၊ ဖရဲသီး၊ ငှက်ပျောသီး၊ သခွားသီး၊ ရွှေဖရုံသီး၊ သရက်သီး၊ ကြံ၊ နေပီယာမြက်၊ ကိုင်းမြက်၊ ဝါးရွက်၊ ပြောင်းဖူး တို့ကို ကျွေးမွေးခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ်ကို ကမ္ဘာပေါ်ရှိ ဆင်များအား ကာကွယ်ထိန်းသိမ်းကြရန် ရည်ရွယ်ကာ ၂၀၁၂ ခုနှစ် ဩဂုတ် ၁၂ ရက်မှ စတင်ကာ ကနေဒါနိုင်ငံသား ရုပ်ရှင်ထုတ်လုပ်သူ Patricia Sims နှင့် ထိုင်းနိုင်ငံ အခြေစိုက် Elephant Reintroduction Foundation တို့က စတင်ကျင်းပလာခဲ့ရာ ကမ္ဘာ့ဆင်များနေ့အား ကူညီပံ့ပိုးပေးနေသည့် Wildlife Organizations နိုင်ငံပေါင်း ၇၀ နီးပါး ရှိနေပြီဖြစ်ကြောင်း ပလင်းကမ်းသာယာ ဆင်စခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုထံမှ သိရသည်။

ကိုကြေးမုံ