ကမ္ဘာ့ဘဏ်ကို ခြောက်နှစ်ကြာ ဦးဆောင်ခဲ့သည့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌဂျင် ရာထူးမှအနားယူတော့မည်

ါရှင်တန် ၉ ဇန်နဝါရီ

 

ကမ္ဘာ့ဘဏ်ကို ခြောက်နှစ်ကြာ ဦးဆောင်ခဲ့သည့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ရောင်ကင် ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း မကြာသေးမီက ကြေညာခဲ့သည်။ အမေရိကန်နိုင်ငံသားဖြစ်သူ ဥက္ကဋ္ဌ ဂျင်သည် ၎င်း၏ သက်တမ်း မကုန်ဆုံးမီ နှစ်အနည်းငယ်အလို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်အနားယူတော့မည် ဖြစ်ကြောင်း သိရသည်။

 

၎င်း၏နေရာတွင် ကမ္ဘာ့ဘဏ် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်း ဆောင်နေသော ခရစ်တာလီနာ ဂျော်ဂျီဗာက ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ဂျော်ဂျီဗာသည် ဘူလ်ဂေးရီးယား နိုင်ငံသူဖြစ်ပြီး ဘဏ္ဍာရေးနှင့် နိုင်ငံတကာ ဖွံ့ ဖြိုးရေးကဏ္ဍများတွင် ကျွမ်းကျင် သူတစ်ဦးဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်သည် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး လုပ်ငန်းများကို လက်တွေ့ကွင်းဆင်း လုပ်ကိုင်ခဲ့သူတစ်ဦးအဖြစ် ကမ္ဘာ့ဘဏ်အဖွဲ့ကြီးကို ပထမဆုံး ဦးဆောင်ခဲ့သလို နိုင်ငံရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ နောက်ခံအတွေ့အကြုံမရှိဘဲ ယခု တာဝန်ကို ပထမဆုံးယူခဲ့သူလည်း ဖြစ်သည်။

 

ဂျင်သည် ဆရာဝန်တစ်ဦးဖြစ်သည့်အပြင် မနုဿဗေဒပညာရှင်တစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် ဆင်းရဲနွမ်းပါးသည့် နိုင်ငံများတွင် တီဘီနှင့် ခုခံအားကျဆင်း မှု ကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းဆိုင်ရာ စီမံကိန်းများကို ယခင်က လုပ်ကိုင် ခဲ့သူဖြစ်သည်။ ဂျင်သည် အလွန်အမင်း ဆင်းရဲနွမ်းပါးမှုပပျောက်ရေးကို ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ တစ်ဦးအနေဖြင့် တွန်းအားပေး လုပ်ဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ဂျင်၏ နုတ်ထွက်စာတွင် ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ရောဂါဘယများကို တိုက်ဖျက်ရေးနှင့် ဥတုရာသီပြောင်းလဲမှုကြောင့် အိုးအိမ်ပြောင်းရွှေ့ နေထိုင်နေရသူများကို ကူညီပေးနိုင်မည့် ဘဏ္ဍာငွ ေရှာဖွေပေးနိုင်ရေး နည်းလမ်းသစ်များကို ရှာဖွေ ပေးလိုကြောင်း ရေးသားဖော်ပြခဲ့သည်။

 

ထို့အပြင် ငတ်မွတ်ခေါင်းပါးမှုဖြစ်ပေါ် ခြင်းကို ရှာဖွေဖော်ထုတ်ပြီး ဟန့်တား နိုင်ရေး ကုလသမဂ္ဂနှင့် နည်းပညာကုမ္ပဏီ များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း လည်း ဂျင်က ဆက်လက်ရေးသားဖော်ပြထားကြောင်း သိရသည်။

 

အေအက်ဖ်ပီ