ကလေးတွေတင် မဟုတ်ဘဲ လူကြီးတွေပါ မသိသေးတဲ့ ကလေးသူငယ် အခွင့်အရေးတွေ ရှိတယ်

ရန်ကုန် ၂၉ ဇန်နဝါရီ

လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူငယ်ပရဟိတအဖွဲ့ Youth Social Group (Ygn) တို့ ပူးပေါင်းကျင်းပသည့် ပထမဆုံးအကြိမ် မြို့နယ်အဆင့် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး ပွဲတော်ကို ဇန်နဝါရီ ၂၈ ရက်က  ရန်ကုန်မြို့ မြောက်ဥက္ကလာပ အဝိုင်းအနီးရှိ ဥတ္တရသီရိပန်းခြံတွင် ကျင်းပခဲ့ရာ ခိုင်နှင်းဝေ ပရဟိတမှ ရုပ်ရှင်သရုပ်ဆောင် ဒေါ်ခိုင်နှင်းဝေက “ကလေးတွေတင် မဟုတ်ဘဲ လူကြီးတွေပါ မသိသေးတဲ့ ကလေးသူငယ် အခွင့်အရေးတွေ ရှိတယ်၊ ဒါလေးတွေကိုသိအောင် ရုပ်ပြကာတွန်းတွေနဲ့ ပြတယ်။ နောက်ကစားပွဲလေးတွေ လုပ်ပေးတယ်။ နောက် Single Mother တွေနဲ့ ကလေးတွေအတွက် အားပေးစကားတွေ ပြောဖြစ်ပါတယ်။

 

 

မိဘမဲ့ကလေးတွေအတွက် ဦးစားပေးဆောင်ရွက်ဖြစ်တယ်။ အခုသူတို့အတွက် သုံးထပ်ကျောင်းဆောက်နေတယ်။ မိဘမဲ့ကလေးကျောင်း တွေကို လှူနေပါတယ်”ဟု ပြောသည်။

MDN