ကလေးတွေကို ဦးစားပေးပြီး အသိပညာပေးတဲ့ လုပ်ငန်းတွေ လုပ်ဖြစ်တဲ့အတွက် Youth Social Group နဲ့ လာရောက် ပူးပေါင်းဆောင်ရွက်တာပါ

ရန်ကုန် ၂၉ ဇန်နဝါရီ

လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူငယ်ပရဟိတအဖွဲ့ Youth Social Group (Ygn) တို့ ပူးပေါင်းကျင်းပသည့် ပထမဆုံးအကြိမ် မြို့နယ်အဆင့် ကလေးသူငယ်ဖွံ့ဖြိုး တိုးတက်ရေး ပွဲတော်ကို ဇန်နဝါရီ ၂၈ ရက်က  ရန်ကုန်မြို့ မြောက်ဥက္ကလာပ အဝိုင်းအနီးရှိ ဥတ္တရသီရိပန်းခြံတွင် ကျင်းပခဲ့ရာ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မြမြဝင်းက “ကလေးတွေကို ဦးစားပေးပြီး အသိပညာပေးတဲ့ လုပ်ငန်းတွေ လုပ်ဖြစ်တဲ့အတွက် လူငယ်ပရဟိတ အဖွဲ့ဖြစ်တဲ့ ကိုစိုင်းသူတို့ Youth Social Group နဲ့ လာရောက်ပူးပေါင်း ဆောင်ရွက်တာပါ။ ကိုယ့်ဌာန အနေနဲ့က ကလေးစာပေပွဲတော်တွေ၊ လူငယ်ဘက်စုံပွဲတော်တွေ လုပ်ထားတဲ့အတွက် ဒီပွဲတော်က ကိုယ့်မြို့နယ်ရဲ့ ပထမဆုံးပွဲ ဖြစ်နေတော့ ပူးပေါင်းပါဝင်ချင်တဲ့ ဆန္ဒကြောင့်ပါ။ ဒီလ ၂၉ ရက်နေ့ဆို သန်လျင်မှာလည်း ကလေးစာပေပွဲတော် လုပ်မှာပါ။ ဒီမှာကတော့ ကလေးတွေနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲလေးတွေ၊ သဲပန်းချီ ခြယ်တာတွေ လုပ်ပေးတာပါ” ဟု ပြောသည်။

MDN