ကလေးတွေ ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်အောင် အသိပညာ တိုးပွားအောင်၊ ပညာရည်မြင့်မားအောင် ဒီလိုပွဲတွေ များများလုပ်ပေးစေချင်ပါတယ်

ရန်ကုန် ၂၉ ဇန်နဝါရီ

လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူငယ်ပရဟိတအဖွဲ့ Youth Social Group (Ygn) တို့ ပူးပေါင်းကျင်းပသည့် ပထမဆုံးအကြိမ် မြို့နယ်အဆင့် ကလေးသူငယ်ဖွံ့ဖြိုး တိုးတက်ရေး ပွဲတော်ကို ဇန်နဝါရီ ၂၈ ရက်က  ရန်ကုန်မြို့ မြောက်ဥက္ကလာပ အဝိုင်းအနီးရှိ ဥတ္တရသီရိပန်းခြံတွင် ကျင်းပခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်မှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်ခိုင်က “ကလေးသူငယ်တွေနဲ့ လာရောက်သူတွေရဲ့ ကျန်းမာရေး ကိစ္စတွေကို ဆောင်ရွက်ပေးနိုင်ဖို့ အင်အား ၄ဝ နဲ့ လာရောက် ကူညီတာ ဖြစ်ပါတယ်။ ကျွန်တော့် အမြင်ကတော့ ကလေးတွေ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်အောင် အသိပညာတိုးပွားအောင်၊ ပညာရည်မြင့်မားအောင် ဒီလိုပွဲတွေ များများလုပ်ပေး စေချင်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ YSG က လူငယ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

MDN