ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှု ချိတ်ဆက်ညွှန်းပို့ခြင်း ဆိုင်ရာ Coordination Meeting ကျင်းပ

မြောင်းမြ ၆ ဖေဖေါ်ဝါရီ  

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဖြစ်ရပ် စီမံခန့်ခွဲခြင်း ၊ ချိတ်ဆက်ညွှန်းပို့ခြင်းဆိုင်ရာ ကွန်ရက် Coordination Meeting ကို ယမန်နေ့နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး  မြောင်းမြမြို့  လူမှုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပရာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ၊ မြို့နယ်ပညာရေးမှူးရုံး ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ ကျန်းမာရေး ၊ တရားရေး ၊ ဥပဒေ ရုံးဌာနနှင့် ရတနာ့မေတ္တာအဖွဲ့၊ မြို့နယ်ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။


တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နီနီဝင်းက အမှာစကား ပြောကြားကာ တက်ရောက်လာသူများက ညွှန်းပို့ခြင်းဆိုင်ရာ ကွန်ရက်နှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်အတွင်း ကလေးငယ်များအတွက် လိုအပ်သော ကျန်းမာရေး စောင့် ရှောက်မှု ၊ စိတ်/လူမှုပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်ခြင်း လုပ်ငန်းများ ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းနှင့် အခြား လိုအပ်သော အကူအညီများ ဆောင်ရွက်ပေး နိုင်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ရတနာ့မေတ္တာအဖွဲ့ မှ ဒေါ်စောမြတ်မွန်က ကလေးသူငယ်များ၏ လူနေမှုဘဝ စိတ်ချလုံခြုံရေးအတွက်  ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။


အောင်မင်း (မြောင်းမြ)