ကလေးမြို့နယ်၌ ကျောက်မီးသွေး တူးဖော်ရေးလုပ်ကွက်၌ အောက်ဆီဂျင်ပေးသည့် လေအိုးပေါက်ကွဲ၍ ၄ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရရှိ

နေပြည်တော် ၂၉ မေ 
    

 

မေ ၂၇ ရက် ည ၁၁ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကြက်ဖနက်ကျေးရွာ လက်ဆေးကန်ဘုရားအနီးရှိ “ထူးဟန်သစ်”ကုမ္ပဏီ၏ ကျောက်မီးသွေးတူးဖော်ရေး လုပ်ကွက်အမှတ်(၁)၌ အောက်ဆီဂျင်ပေးသည့် လေအိုးပေါက်ကွဲ၍ ၄ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 


ဖြစ်စဉ်မှာ ကလေးမြို့နယ်၊ စခန်းကြီးကျေးရွာနေ ဘပု(ခ) စန်းဦး (၂၇)နှစ်ပါ  (၈) ဦးတို့သည် ကျင်းဝအကျယ် ၉×၁၂ ပေခန့်၊ အနက် ၄၅၀ ပေခန့် ကျင်းအတွင်း၌ ကျောက်မီးသွေးတူးဖော်နေစဉ် ကျင်းအတွင်းသို့ အောက်ဆီဂျင်ပေးသည့် လေအိုးပေါက်ကွဲခဲ့ရာ ဘပု(ခ)စန်းဦးပါ (၄)ဦးတို့တွင် ခန္ဓာကိုယ်မီးလောင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဝက်လက်မြို့၊ (၁)ရပ်ကွက်နေ ဦးနေစိုး(၅၀)နှစ်ပါ (၄)ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ဘပု(ခ)စန်းဦးပါ (၄)ဦး သေဆုံးမှုအား ကလေးမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၉/၂၀၁၉)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

 


MDN