ကလေးမြို့ အောင်သစ္စာရပ်ကွက်တွင် လူနေအိမ်လေးလုံး မီးလောင်မှုဖြစ်ပွား

ကလေး  ၈  မေ


စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အောင်သစ္စာရပ်ကွက်၌ ယနေ့ နံနက် ၄ နာရီ ၃၀ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် လေးလုံး၊ ဂိုထောင်တစ်လုံးနှင့် မော်တော်ယာဉ်တစ်စီး မီးကူးစက်လောင် ကျွမ်းခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 

 

1


ဖြစ်စဉ်မှာ ကလေးမြို့ အောင်သစ္စာရပ်ကွက်၊ နယ်မြေ(၁၀)၊ ဦးသန်းအောင်၏ နေအိမ်မှ ပေါင်မုန့်ဖို မုန့်ဖုတ်သည့် Heat Coil အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အလျား ၂၄ ပေ အနံ ၂၄ ပေ ရှိ သွပ်မိုးပျဉ်ခင်းနေအိမ်တစ်လုံး၊ အလျား ၃၂ ပေ အနံ ၂၄ ပေရှိ သွပ်မိုးပျဉ်ခင်း နှစ်ထပ်လူနေအိမ်တစ်လုံး၊ အလျား ၂၄ ပေ အနံ ၂၄ ပေရှိ သွပ်မိုးပျဉ်ခင်း နှစ်ထပ်လူနေအိမ်တစ်လုံး၊ အလျား ၁၅ ပေ အနံ ၁၅ ပေရှိ သွပ်မိုးပျဉ်ခင်း မုန့်ဖိုဂိုထောင်တစ်လုံးနှင့် Sokon အမျိုးအစား လိုက်ထရပ် မော်တော်ယာဉ်တစ်စီးတို့သို့ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

1


အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာနေရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်စန်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။

 

1

 


ဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


MDN

 

1