ကလေးစာပေပွဲတော်(တာချီလိတ်)တွင် အားကစားပြိုင်ပွဲများ ထည့်သွင်း ကျင်းပသွားမည်

တာချီလိတ် ၇ ဇွန် 


ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမည့် ကလေးစာပေပွဲတော်(တာချီလိတ်)တွင် အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်ရာ အဆိုပါ အားကစားပြိုင်ပွဲနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည် ၂ နာရီက ခရိုင်အားကစားရုံး၌ ကျင်းပခဲ့သည်။


အစည်းအဝေးသို့ ခရိုင်အား/ကာမှူး ဦးအေးမင်းထွဋ်နှင့် တာဝန်ရှိသူများ၊ ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ကျင်းပရေးဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့သည်။


ကလေးစာပေပွဲတော်(တာချီလိတ်)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍ ဇွန် ၂၅ ရက်မှ ၂၆ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားစွာ ကျင်းပသွား မည်ဖြစ်ပြီး ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)