ကိုယ်ထူကိုထဖြင့် ရပ်ကွက်အတွင်း ခြင်ဆေးဖျန်းခြင်းဆောင်ရွက်

ဟင်္သာတ ၁၁ ဇူလှိုင်

 
ဟင်္သာတမြို့ မြဝတီရပ်ကွက်တွင် ခြင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများကင်းဝေးစေရန်နှင့်  ခြင်များခိုအောင်ပေါက်ဖွားနိုင်ခြင်း မရှိစေရန် ယနေ့နံနက်ပိုင်းက ကိုယ်ထူကိုယ်ထစနစ်ဖြင့် ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။


"တစ်ရပ်ကွက်လုံးမှာရှိတဲ့ အိမ်ခြေ ၁၇၀ဝ ကျော်နဲ့ စာသင်ကျောင်းများ၊ သာသနိကအဆောက်အအုံ၊ ဘာသာရေး အဆောက်အအုံတွေပါမကျန် နေရာအနှံ့ ပက်ဖျန်းသွားမည်ဖြစ်ကြောင်း" ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွန်းက ပြောသည်။


အဆိုပါ ကိုယ်ထူကိုယ်ထ ခြင်ဆေးဖျန်းခြင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများ ဦးဆောင်မှုဖြင့် ရာအိမ်စုမှူး၊ ဆယ်အိမ်စုမှူး၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့နှင့် ပရဟိတ လူမှုရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆေးဖျန်းကာလ တစ်ပတ်ခန့် ကြာမြင့်မည်ဖြစ်ကြာင်း သိရသည်။


ကျော်ကျော်(ပြန်/ဆက်)