ကိုရိုနာဗိုင်းရပ်စ်ပိုးကို COVID-19 လို့ တရားဝင်အမည်ပေးလိုက်ပြီ

၁၂ ဖေဖော်ဝါရီ

 

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ အင်္ဂါနေ့မှာ လူပေါင်း ၉၇ ဦး သေဆုံးခဲ့တဲ့အတွက် သေဆုံးသူ စုစုပေါင်း ၁,၁၁၃ ဦးအထိ ရောက်ရှိသွားပြီဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၁၂) မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

 

ကိုဗစ် 19(COVID-19) ရောဂါပိုးကူးစက်ခံသူ ၂,၀၀၀ နီးပါးရှိခဲ့တဲ့အတွက် စုစုပေါင်း ကူးစက်ခံရသူ ၄၄,၆၅၃ ဦး ရှိသွားပြီဖြစ်ပါတယ်။ ကိုဗစ် 19(COVID-19) ကူးစက်ခံရသူ ၂,၀၀၀ နီးပါးထဲက ၁,၆၃၈ ဦးဟာ ဗိုင်းရပ်စ်ပိုးစတင် ပျံ့ပွားရာ ဟူဘေပြည်နယ်က ဖြစ်ပါတယ်။

 

5

 

ဂျီနီဗာမှာ ကျင်းပနေတဲ့ WHO အဖွဲ့ရဲ့ ဆွေးနွေးပွဲကနေ ကိုရိုနာဗိုင်းရပ်စ်ပိုးကို ကိုဗစ်19(COVID-19) ဗိုင်းရပ်စ်ပိုး လို့ တရားဝင်အမည်ပေးခဲ့ပါတယ်။ အဖွဲ့ရဲ့ အကြီးအကဲ ဒေါက်တာ တက်ရော့က ကိုဗစ် 19(COVID-19) ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေ ရဲ့ ၉၉ ရာခိုင်နှုန်းက တရုတ်နိုင်ငံမှာ ဖြစ်ပေမယ့် ကမ္ဘာ့ကျန်ဒေသတွေကို ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း၊ ရောဂါပိုးနဲ့ပတ်သက်ပြီး သုတေသန ဆက်လက်လုပ်ဆောင်ရန် နိုင်ငံတွေက တွေ့ရှိတဲ့အချက်အလက်တွေကို မျှဝေဖို့ ဒေါက်တာ တက်ရော့က ဆွေးနွေးပွဲမှာ ဆော်သြလိုက်ပါတယ်။

MDN

ကိုးကား -AFP