ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် အီတလီ၊ ပြင်သစ်နဲ့ စပိန်နိုင်ငံတွေဆီကို အမေရိကန်နိုင်ငံ ကျန်းမာရေးဆိုင်ရာပစ္စည်းတွေ ပို့မယ်လို့ သမ္မတပြောကြား

၃၁ မတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကို တိုက်ဖျက်ရန် ကျန်းမာရေးဆိုင်ရာပစ္စည်းတွေကို  အီတလီ၊ ပြင်သစ်နဲ့ စပိန်နိုင်ငံတွေဆီကို ပို့ဆောင်သွားမယ် သမ္မတရဲ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

 

တနင်္လာနေ့က ပြုလုပ်တဲ့ သမ္မတရဲ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာ့ကပ်ရောဂါကြောင့် သေဆုံးမှု အများဆုံးဖြစ်နေတဲ့ အီတလီနိုင်ငံကို ခွဲစိတ်ခန်းသုံးပစ္စည်း၊ ဆေးဝါးတွေနဲ့ ဆေးရုံသုံးပစ္စည်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီပါးကို ပို့ဆောင်သွားမယ်လို့ သမ္မတဒေါ်နယ်ထရန့်က ပြောပါတယ်။

 

အီတလီဝန်ကြီးချုပ် ကွန်တီနဲ့ သမ္မတထရန့်တို့ တယ်လီဖုန်းနဲ့ တနင်္လာနေ့က စကားပြော‌ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

MDN

ကိုးကား - AFP