ကိုရိုနာဗိုင်းရပ်စ် ၂၁ ရာစုအစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ရောဂါတွေလောက် ကြောက်စရာမကောင်းသေး

mdn

ထွန်းသစ်စ - ရေးသားသည်

 

ဒီနေ့ကမ္ဘာမှာ ကြောက်စရာကောင်းအောင်ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် မပေါ်ပေါက်ခင် အခြားကူးစက် ရောဂါတွေဟာ ၂၁ ရာစုအစောပိုင်းက ဖြစ်ပွားခဲ့ပါသေးတယ်။ အရင်ရာစုတွေကဖြစ်ပွားခဲ့တဲ့ ကူးစက်ရောဂါ ကြောင့်သေဆုံးခဲ့သူ အရေအတွက်နဲ့ ဒီနေ့ခေတ်သေဆုံးသူအရေအတွက်ကို နှိုင်းယှဉ်ကြည့်ရင် အရင်တုန်းက သေဆုံးသူအရေအတွက် ပိုများခဲ့တယ်လို့ ဆိုပါတယ်။

 

၂၁ ရာစုရဲ့ ကူးစက်ရောဂါများ

 

၂၀၁၃-၂၀၁၆ မှာအီဘိုလာရောဂါပျံ့နှံ့ဖြစ်ပွားခဲ့ ပါတယ်။ ပြင်းထန်အီဘိုလာကူးစက်ရောဂါဟာ အနောက် အာဖရိကမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှာဖြစ်ပွားခဲ့ပြီး နှစ်နှစ် ကျော်ကြာမြင့်ခဲ့ပါတယ်။ အီဘိုလာကူးစက်ရောဂါ -ကြောင့် ဂီနီယာ၊ လိုင်ဘေးရီးယားနဲ့ ဆီရီယာလီယွန် နိုင်ငံတွေမှာ လူပေါင်း ၁၁၃၀ဝ သေဆုံးခဲ့ပါတယ်။

 

အီဘိုလာရောဂါကို ၁၉၇၆ ခုနှစ်က ပထမဆုံး ဖော်ထုတ်ခဲ့ပါတယ်။ အီဘိုလာရောဂါဟာအခြားဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ရောဂါတွေထက်စာရင် ကူးစက်မှုနှုန်း နည်းခဲ့တယ်လို့ ဆိုရမှာပါ။ သို့သော်လည်း လူပေါင်း ၄၀ ရာခိုင်နှုန်းလောက် သေဆုံးခဲ့ပါတယ်။

 

အီဘိုလာဗိုင်းရပ်စ်ကို ၂၀၁၈ ခုနှစ်မှာ ကွန်ဂိုဒီမို ကရက်တစ် ပြည်ထောင်စုအရှေ့ပိုင်းမှာ ပြန်လည် တွေ့ရှိခဲ့ပါတယ်။ အဲဒီမှာဖြစ်ပွားခဲ့တဲ့ အီဘိုလာရောဂါကြောင့် လူပေါင်း ၂၂၀ဝ သေဆုံးခဲ့ပါတယ်။

 

ဝက်တုပ်ကွေး

 

၂၀ဝ၉-၂၀၁၀မှာ ဝက်တုပ်ကွေးဖြစ်ခဲ့ပါတယ်။ ဝက်တုပ်ကွေးကြောင့် လူပေါင်း ၁၈၅၀ဝ ခန့်သေဆုံး ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။ အဆိုပါ ဝက်တုပ်ကွေးရောဂါကို မက္ကဆီကိုနဲ့ အမေရိကန် ပြည်ထောင်စုတို့မှာ ၂၀ဝ၉ခုနှစ်က ပထမဆုံး တွေ့ရှိခဲ့ပါတယ်။ သို့သော်လည်း လန်ဆက်ဆေးဘက် ဆိုင်ရာစစ်တမ်းမှာတော့ ဝက်တုပ်ကွေး သို့မဟုတ် အိတ်ချမ်းအင်န်ဝမ်းကြောင့်သေဆုံးသူဟာ ၁၅၁၇၀ဝ ကနေ ၅၇၅၄၀ဝ အထိရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ တုပ်ကွေးဆိုင်ရာသတိပေးမှုတွေကို ၂၀ဝ၉ ခုနှစ်ဇွန်လ ၁၁ ရက်မှာ ပြုလုပ်ခဲ့ပြီးတော့ ၂၀၁၀ ဩဂုတ်လ ၁၀ ရက်မှာရုပ်သိမ်းခဲ့ပါတယ်။ ကာကွယ်ဆေးဝါးတွေလည်း ပြတ်တောက်ခဲ့ပါတယ်။

 

ဆားစ်ရောဂါ

 

၂၀ဝ၂-၂၀ဝ၃ မှာ ဆားစ်ရောဂါ ဖြစ်ပွားခဲ့ပါတယ်။ ဆားစ်ရောဂါကို ပထမဆုံး တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်ပြည်နယ်မှာ ၂၀ဝ၂ ခုနှစ် နိုဝင်ဘာလမှာ တွေ့ရှိ ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၂၀ဝ၃ ခုနှစ် နှစ်လယ် လောက်မှာ အဲဒီရောဂါဟာ တကယ်ကြောက်စရာ ကောင်းအောင် ပျံ့နှံ့ခဲ့ပြီးတော့ ကျန်းမာရေး အကျပ် အတည်း တစ်ခုလို ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အာရှမှာ အဲဒီရောဂါကြောင့် ပရိဒေဝမီးတွေ တောက်လောင်ခဲ့ပါတယ်။

 

အဲဒီရောဂါကြောင့် လူဦးရေစုစုပေါင်း ၇၇၄ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီထဲက ငါးပုံပုံ လေးပုံလောက်ဟာ တရုတ်နိုင်ငံနဲ့ ဟောင်ကောင်တို့မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီရေဂါဟာ လင်းနို့ကနေပြီး လူကို ကူးစက်ခဲ့တာဖြစ်ပါ တယ်။ အဲဒီရောဂါဟာ နိုင်ငံပေါင်း ၃၀ နီးပါး ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီရောဂါကြောင့် သေဆုံးတဲ့နှုန်းဟာ ၉ ဒသမ ၅ ရာခိုင် နှုန်းလောက်အထိရှိခဲ့ပါတယ်။

 

ငှက်တုပ်ကွေး

 

၂၀ဝ၃-၂၀ဝ၄ မှာ ငှက်တုပ်ကွေးဖြစ်ခဲ့ပါတယ်။ အဲဒီ တုပ်ကွေးကို အိတ်ချ်ဖိုက်အင်န်ဝမ်းလို့ ခေါ်ခဲ့ပါတယ်။ အဲဒီငှက်တုပ်ကွေးကြောင့် အထူးသဖြင့် အရှေ့တောင် အာရှမှာ လူပေါင်း ၄၀ဝ ထက်မနည်း သေဆုံးခဲ့ပါတယ်။ အဲဒီငှက်တုပ်ကွေးဟာ လူသားတွေကို မကူးစက်မီ ပထမ ဆုံး ဟောင်ကောင်မွေးမြူရေးခြံတွေက စတင်ခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဲဒီကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။ သို့သော် လည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။

 

၁၉၈၁ ခုနှစ်ကနေ အခုအချိန်အထိ အိတ်စ်(အေအိုင် ဒီအက်စ်) ရောဂါဖြစ်ခဲ့ပါတယ်။ ယနေ့အချိန်အထိ သေစေ

နိုင်တဲ့ ကူးစက်ရောဂါဖြစ်လျက်ရှိဆဲပါ။ ကမ္ဘာတစ်ဝန်းမှာ  ဒီရောဂါကြောင့် လူပေါင်း ၃၂ သန်း သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက် ရေးအဖွဲ့က ပြောပါတယ်။ လူပေါင်း ၂၄ ဒသမ ၅ သန်းဟာ ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးဆေးတွေ သုံးဆောင် နေရပါတယ်။

 

 

ဟောင်ကောင်တုပ်ကွေး

 

၁၉၆၈-၁၉၇ဝ မှာ ဟောင်ကောင်တုပ်ကွေး ဖြစ်ခဲ့ပါ တယ်။ လူတစ်သန်းလောက် ဒီရောဂါနဲ့ သေဆုံးခဲ့တယ်လို့  အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက ပြောကြားခဲ့ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်း အတာအနေနဲ့ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ၁၉၆၈ နှစ်လယ်လောက်နဲ့ ၁၉၇၀  အစောပိုင်းကာလတွေမှာ ဖြစ်ပွားခဲ့ပါတယ်။

 

အဲဒီရောဂါကြောင့် ကလေးတွေအတော်များများ သေဆုံးခဲ့ပါတယ်။ အဲဒီရောဂါဟာ ဟောင်ကောင်မှာပထမ ဆုံးစတင်ဖြစ်ပွားခဲ့ပြီး အာရှကိုကျော်ပြီး အမေရိကန် ပြည်ထောင်စုမှာ ၁၉၆၈ ခုနှစ်နှောင်းပိုင်းမှာ ဖြစ်ပွားခဲ့ပါ တယ်။ ထို့နောက်မှာတော့ ၁၉၆၉ ခုနှစ် နှောင်းပိုင်းမှာ ဥရောပကိုပါ ကူးစက်ခဲ့ပါတယ် ။

 

ကူးစက်ရောဂါကျွမ်းကျင်သူတွေကတော့ အဲဒီ တုပ်ကွေးဟာ သမိုင်းဝင်တုပ်ကွေးဖြစ်တယ်လို့တင်စားခဲ့ ပါတယ်။ အဲဒီတုပ်ကွေးဟာ လေထဲမှာ အမြန်ဆုံးနှုန်းနဲ့ သွားနိုင်တယ်လို့လည်း ဆိုပါတယ်။

 

၁၉၅၇-၁၉၅၈ မှာ အာရှတုပ်ကွေးဖြစ်ခဲ့ပါတယ်။ အဲဒီ တုပ်ကွေးကြောင့် အာရှမှာ လူပေါင်း ၁ ဒသမ ၁ သန်း လောက် သေဆုံးခဲ့တယ်လို့ ရောဂါထိန်းချုပ်ရေးဌာနက ပြောပါတယ်။ ပထမဖြစ်ပွားမှုဟာ တရုတ်နိုင်ငံတောင်ပိုင်းမှာ ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီမှာ စတင်ခဲ့ပါတယ်။ လပေါင်း များစွာကြာခဲ့ပါတယ်။ ထို့နောက်မှာတော့ အမေရိကနဲ့ ဥရောပအထိ ရောက်ရှိခဲ့ပါတယ်။ ဒီရောဂါဟာ အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အလွန်အမင်းရှုပ်ထွေးစေခဲ့ ပါတယ်။ အထူးသဖြင့် သက်ကြီးပိုင်းတွေ အဖြစ်များခဲ့ပါ တယ်။

 

စပိန်တုပ်ကွေး

 

[ ၁၉၁၈-၁၉၁၉ မှာ စပိန်တုပ်ကွေး ဖြစ်ခဲ့ပါတယ်။ ပထမ ကမ္ဘာစစ်ဖြစ်ပွားနေတဲ့အချိန်မှာ စပိန်တုပ်ကွေး ဖြစ်ခဲ့တာကြောင့် ကမ္ဘာ့လူဦးရေအများကြီး ကူးစက်ပျံ့နှံ့ ခဲ့ပါတယ်။ စပိန်တုပ်ကွေးရောဂါကြောင့်လူပေါင်း သန်း ၅ဝ လောက်သေဆုံးခဲ့ပါတယ်လို့ရောဂါထိန်းချုပ်ရေးဌာန က ပြောခဲ့ပါတယ်။  ဒီရောဂါဟာ ၁၉၁၈ ခုနှစ် ဧပြီမှစပြီး ၁၉၁၉ ဧပြီလ အတွင်းမှာဖြစ်ပွားခဲ့တဲ့အတွက် အလွန်တိုတောင်းတဲ့ ကာလအတွင်းမှာ လူသေဆုံးမှုအများဆုံးဖြစ်ပွားခဲ့တဲ့ ရောဂါအဖြစ် သမိုင်းမှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

 

ပထမကမ္ဘာစစ်မှာ သေဆုံးတဲ့လူအရေအတွက်ထက် ရောဂါဖြစ်လို့ သေဆုံးတဲ့လူ အရေအတွက်က ငါးဆလောက် ပိုလို့တောင် များနေပါသေးတယ်။ ပထမဆုံးရောဂါတွေ့ရှိခဲ့တာကတော့ အမေရိကန် ပြည်ထောင်စုမှာဖြစ်ပါတယ်။ ထို့နောက်မှာတော့ ဥရောပ နဲ့ ကမ္ဘာတစ်ဝန်းလုံးကို ပျံ့နှံ့ခဲ့တာပါ။

 

ဒီအခြေအနေတွေကို ခြုံပြီးကြည့်မယ်ဆိုရင် အခု ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ယခင်က ရောဂါတွေ လောက်သေဆုံးမှုမများသေးတဲ့သဘောကို တွေ့ရပါ တယ်။ အခုဆိုရင် တရုတ်ကလည်း ဒီရောဂါကို ထိန်းချုပ် နိုင်မယ်လို့ အမေရိကန်က ထင်မြင်နေသလို တရုတ်နိုင်ငံ ကလည်း ဟူပေးပြည်နယ်မှာ ခုတင် ၁၀ဝ၀ ဆံ့ဆေးရုံ နဲ့ ခုတင် ၁၆၀ဝ ဆံ့ဆေးရုံတွေကို တည်ဆောက်ပြီး ဒီရေရောဂါကို အရေးတယူကုသဖို့ လုပ်ဆောင်နေပြီဖြစ် ပါတယ်။ ထို့အတူပဲ ဒီရောဂါကို တိုက်ဖျက်ဖို့အတွက် တရုတ်ဒေသတွင်း သန်းကြွယ်သူဌေးများသာမက နိုင်ငံ တကာကလည်း ဝိုင်းဝန်းလုပ်ဆောင်နေကြပြီဖြစ်ပါ တယ်။

 

ကိုးကား-အေအက်ဖ်ပီ