ကျိုင်းတုံ ဧပြီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac အမျိုးအစား အလုံးရေ ၁၆၀၀၀ နှင့် Astrazeneca အလုံးရေ ၂၀၀၀၀ ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကျိုင်းတုံမြို့သို့ ပို့ဆောင်ပေးခဲ့ရာ ဧပြီ ၂၅ ရက်က ရောက်ရှိသည်။
တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်လာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac အမျိုးအစား အလုံးရေ ၁၆၀၀၀၊ Astrazeneca အလုံးရေ ၂၀၀၀၀ နှင့် ဆေးထိုးအပ် ၃၆၀၀၀ ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစည်သူအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူသည်။
အဆိုပါရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac အမျိုးအစား အလုံးရေ ၁၆၀၀၀ ကို အသက် (၁၅)နှစ်မှ (၁၈)အကြား ထိုးနှံရန် လူဦးရေ ၁၆၀၀၀ စာနှင့် Astrazeneca အလုံးရေ ၂၀၀၀၀ ကို Phase 9, second dose နှင့် Booster dose ထိုးနှံရန်အတွက် လူဦးရေ ၂၀၀၀၀ စာ ထိုးနှံပေးနိုင်မည်ဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များအလိုက် ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


