ကျိုက်ထို မတ် ၂

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌တည်ရှိသည့် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ရောင်တော်ဖွင့်လှစ်ခြင်းနှင့် (၁၂) ကြိမ်မြောက် ကျောက်လုံးတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ပွဲအခမ်းအနားကို မတ် ၂ ရက်တွင် ဆံတော်ရှင်ကျိုက်ထီးရိုး ရင်ပြင်တော်၌ ကျင်းပသည်။

 

ဦးစွာ ကျိုက်ထီးရိုးရင်ပြင်တော်ရှိ ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ရုံး၌ ကျိုက်ထီးရိုးစေတီ‌တော် ဩဝါဒါစရိယဆရာတော်များအား နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး စိန်မင်းထွန်း၊ ကျိုက်ထိုခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းသည်။

 

အခမ်းအနားတွင် ဩဝါဒါစရိယ ဆရာ‌‌တော် ၁၅ ပါးက ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ပြီး စေတီတော်မြတ်ကြီးအား ဆရာတော်ကြီးများနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များဖြင့် ပူဇော်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုး(ပြန်/ဆက်)