ကျိုက်မရော ၂၁ ဇူလိုင် 

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် ဒေသခံပြည်သူလူထုများနှင့်တွေ့ဆုံ၍ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ခရုံကျေးရွာ အလကကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

 

2f

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်က အမှာစကားပြောကြားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ဦးက ဒေသခံလူထုနှင့်တွေ့ဆုံရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
 
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူလူထုများအား ရှင်းလင်းချပြ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲတွင် တက်ရောက်လာ သောဒေသခံပြည်သူများ၏ သိလိုသောမေးခွန်းများနှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ရှင်းလင်းကာ လွှတ်တော်ကိုယ်စားလှယ်များက ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ၏ တင်ပြချက်များကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြသည်။ 

ယနေ့ကျင်းပပြုလုပ်သော လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲသို့ ခရုံကျေးရွာ ကျုံစိန်ကျေးရွာနှင့် ဘာဘူကုန်း ကျေးရွာများမှ ဒေသခံပြည်သူလူထု ၂၈၈ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ချိုမြတ်မြတ်ထွေး ( ကျိုက်မရော )