ကျိုက်မရောမြို့ရှိ ပြည်သူများအား စားသုံးဆီ ဖြန့်ဖြူးရောင်းချ

ကျိုက်မရော       အောက်တိုဘာ      ၄

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ပြည်သူများအား စားသုံးဆီ တစ်ပိသာလျှင် ငွေကျပ် ၅၅၀၀ နှုန်းဖြင့်  မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက ကျိုက်မရောမြို့အဝင် စက်လမ်းဝနှင့် လူစည်ကားရာ မြို့မစျေးကြီးရှေ့တို့၌ ရောင်းချပေးခဲ့သည်။

 

ရောင်းချပေးရာတွင် တစ်အိမ်ထောင်လျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ဝန်ထမ်းအိမ်ရာများ၊ ရပ်ကွက်၊ ကျေးရွာများကိုလည်း ထပ်မံရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)