ကျိုက်လတ်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲသို့ ၁၂၈၄ ဦး ဝင်ရောက်ဖြေဆိုမည်

ကျိုက်လတ်   မတ်    ၁၁

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အ‌ခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂၈၄ ဦး ဝင်ရောက် ‌ဖြေဆိုမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ အ‌ခြေခံပညာကျောင်းများတွင် တက္ကသိုလ်ဝင်တန်း၌ တက်ရောက် ပညာ သင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူ ၉၄၈ ဦး ရှိပြီး ပြင်ပဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၃၃၆ ဦး စုစုပေါင်း ၁၂၈၄ ဦး‌ ဖြေဆိုခွင့်လျှောက်လွှာများ တင်ထားကြောင်းသိရသည်။ ကျိုက်လတ်မြို့နယ်အနေဖြင့် စာစစ်ဌာန ငါးခု ထားရှိထားပြီး အတွဲ() ‌ဖြေဆိုသူ ၆၁၅  ဦး၊ အတွဲ() ဖြေဆိုသူ  ၅၇၄ ဦး၊ အတွဲ() ‌ဖြေဆိုသူ ၉၅ ဦး ရှိကြောင်း သိရသည်။

 

ကျိုက်လတ်(ပြန်/ဆက်)