ကိုကိုးကျွန်းဒေသသည် သဘာဝအလှအပများစွာ တည်ရှိနေသည့်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများရှိ

 

နေပြည်တော်   ဧပြီ   ၉

 

နိုင်ငံတော်     စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး     ဒုတိယ ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်    ဇနီး၊  ကောင်စီဝင်များ၊    ပြည်ထောင်စု ဝန်ကြီးများ၊         ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်   ဦးစိုးသိန်း၊ ကာကွယ်ရေး       ဦးစီးချုပ်ရုံးမှ တပ်မတော်         အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူ များလိုက်ပါ၍   ယနေ့နံနက်ပိုင်း တွင်     ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ နှင့် ရပ်မိရပ်ဖများအား မြို့တော် ခန်းမ၌ တွေ့ဆုံသည်။

 

ဦးစွာ   ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများ က ဒေသဆိုင်ရာ အချက်အလက် များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည်များ တင်ပြ ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်က နှစ်သစ်အခါသမယ တွင်   ကိုကိုးကျွန်းဒေသရှိ  ဌာန ဆိုင်ရာဝန်ထမ်းများ၊   ရပ်မိရပ်ဖ များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရန်     နှုတ်ခွန်း ဆက်သပါကြောင်း၊ မိမိအနေဖြင့် ၂၀၁၂ ခုနှစ် ဧပြီ ၈ ရက်တွင် ကိုကိုး ကျွန်းမြို့နယ်သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ယခုအကြိမ်သည် ၁၉ ကြိမ်မြောက် ရောက်ရှိခြင်းဖြစ် ပါကြောင်း၊     ကိုကိုးကျွန်းဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် တပ်မတော် အနေဖြင့် များစွာကူညီဆောင်ရွက် ပေးခဲ့ပြီး လက်ရှိအချိန်တွင် ကိုကိုး ကျွန်းဒေသသည် လွန်ခဲ့သည့် ၁၁ နှစ်တာကာလထက်  အဆပေါင်း များစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည် ကို  တွေ့ရှိရသည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း။

 

ဒေသ         ဖွံ့ဖြိုးတိုးတက်ရေး အတွက် တပ်မတော်နှင့် အစိုးရမှ တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိပြီး    ဒေသခံများ အနေဖြင့်လည်း ပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားရန်   လိုကြောင်း၊ ကိုကိုးကျွန်းဒေသသည် လမ်းပန်း ဆက်သွယ်မှုခက်ခဲသည့်   ဒေသ တစ်ခုဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက် ရေးသည် ထိုက်သင့်သလောက် မဖြစ်ပေါ်ခဲ့သည်ကို       တွေ့ရှိရ ကြောင်း၊ နိုင်ငံရေးအစိုးရလက်ထက် တွင်  ကိုကိုးကျွန်းဒေသ၌ အချင်းချင်း စည်းလုံးညီညွတ်မှု အားနည်း ချက်များရှိကာ ဒေသဖွံ့ဖြိုးတိုးတက် ရေးသည်လည်း      နှောင့်နှေးခဲ့ ရကြောင်း။

 

မိမိအနေဖြင့်  ကိုကိုးကျွန်းသို့ ပထမဆုံးအကြိမ် ရောက်ရှိသည့် အချိန်ကတည်းကပင် ကိုကိုးကျွန်း ဖွံ့ဖြိုး      တိုးတက်ရေးအတွက် တတ်စွမ်းသရွေ့ကူညီဆောင်ရွက် ပေးမည်ဟု ပြောကြားခဲ့ပြီး ဒေသ ဖွံ့ဖြိုး       တိုးတက်ရေးအတွက် များစွာ  ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း၊ ယနေ့တွင်လည်း ကပ္ပလီ ပင်လယ်ပြင် (Andaman Sea) နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) ပင်လယ်နှစ်ခု ဆုံမှတ် တည်နေရာတွင် အောင်မြေအထိမ်း အမှတ်ကျောက်တိုင်ကို   စိုက်ထူ ခဲ့ကြောင်း၊ ယခုကဲ့သို့ ပင်လယ် နှစ်ခုဆုံမှတ်တည်နေရာအပါအဝင် ကိုကိုးကျွန်းဒေသသည်  သဘာဝ အလှအပများ  များစွာတည်ရှိနေ သည့်အတွက်  ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်နေမှုများရှိ ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် သဘာဝအလှအပများကို ဖော်ထုတ်ထိန်းသိမ်းလျက်ရှိသည့် အပြင်  အုန်းပင်စိုက်ပျိုးမှုများနှင့် ကိုကိုးပင် စိုက်ပျိုးမှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ကိုကိုးကျွန်းမြို့ရှိ  နယ်မြေခံ ရေတပ် စခန်းဌာနချုပ်၌   စမ်းသပ်စိုက်ပျိုး ထားသည့်   ကိုကိုးပင်များသည် နောင်နှစ်အနည်းငယ်       အတွင်း အသီးအပွင့် အကျိုးရလဒ်များကို ခံစားနိုင်မည်         ဖြစ်ကြောင်း၊ တပ်မတော်၏     အကျိုးစီးပွား အတွက် ဆောင်ရွက်ခြင်း မဟုတ် ဘဲ   ကိုကိုးကျွန်းရှိ   ဒေသခံများ အတွက် အကျိုးစီးပွားကို ဖြစ်ပေါ် စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊  နွားမွေးမြူရေး လုပ်ငန်းများကိုလည်း စနစ်တကျ ဆောင်ရွက်ခြင်းဖြင့် ဒေသအကျိုး ကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ဒေသတွင်း        စီးပွားရေးလုပ်ငန်း များကို အောင်မြင်စွာဆောင်ရွက် နိုင်မှသာလျှင်  ဒေသနှင့်  ဒေသခံ များ ဝင်ငွေရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်  ဒေသတွင်း   စိုက်ပျိုး ရေး၊ မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့်   ကုန်ထုတ်လုပ်ငန်း များကို ဆောင်ရွက်နိုင်မှသာလျှင် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ် စေနိုင်မည်ဖြစ်သဖြင့် အားထည့် ဆောင်ရွက်ကြစေလိုကြောင်း။

 

ကိုကိုးကျွန်းဒေသ၌ ပညာရေး နှင့် ပတ်သက်၍လည်း အားနည်းမှုများ ရှိနေဆဲဖြစ်သည်ကို တွေ့ရှိရ ကြောင်း၊ အခြေခံပညာအဆင့်၌ သင်ကြားသင်ယူမှုများ  ဆောင်ရွက်ရာတွင်      ပို့ချသင်ကြားခြင်း (Teaching)ကို    အဓိကထား ဆောင်ရွက်ရပြီး အဆင့်မြင့် ပညာ အဆင့်      သင်ကြားသင်ယူမှုများ ဆောင်ရွက်ရာတွင်      တွေးခေါ် လေ့လာသင်ကြားခြင်း (Studying) ကို  အဓိကထားဆောင်ရွက်ကြ ကြောင်း၊    ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ            တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် နယ်မြေခံရေတပ်စခန်း ဌာနချုပ်မှ စမ်းသပ်စိုက်ပျိုးထား  သည့်   ကိုကိုးစိုက်ခြံ   အမှတ်(၁)  ၁ ဒသမ ၆၆ ဧကနှင့်  စိုက်ခြံ အမှတ်(၂) ၃ ဒသမ ၃၄ ဧကတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး   တာဝန်ရှိသူ များ၏    တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က    ကိုကိုးပင်များကို ထားဝယ်ဒေသတွင်  အောင်မြင် ဖြစ်ထွန်းစွာ စိုက်ပျိုးလျက်ရှိသည် ကို  တွေ့ရပြီး  ရေခံမြေခံသဘောတူညီသည့်  ကိုကိုးကျွန်းတွင်လည်း  အောင်မြင်စွာ   စိုက်ပျိုးနိုင်မည့် အခြေအနေများရှိကြောင်း၊  ကိုကိုး စေ့ကို ချောကလက် ပြုလုပ်ရာတွင်  အဓိကအသုံးပြုပြီး  ကျန်းမာရေး  ဆိုင်ရာ  ကောင်းကျိုးများ  အများ အပြားကိုလည်း ပေးစွမ်းနိုင်ကာ  ဈေးကွက်လိုအပ်ချက်  များစွာရှိ ကြောင်း၊ ကိုကိုးပင်ကို  ဒေသတွင်း ၌ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုး  နိုင်ပါက ဒေသဖွံ့ဖြိုးတိုးတက်မှု များကိုလည်း  များစွာအထောက် အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း နှင့်      အခြားလိုအပ်သည်များ မှာကြားသည်။

 

ဆက်လက်ပြီး     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည်    ၇ မိုင်  လိပ် သားဖောက်စခန်းနှင့်   နယ်မြေခံ ရေတပ်စခန်းဌာနချုပ် လိပ်မွေးမြူ ရေးစခန်းတို့သို့     ရောက်ရှိကြပြီး လိပ်များ           မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ   တာဝန်ရှိသူ များ၏    တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်က ကိုကိုးကျွန်းဒေသအတွင်း ပင်လယ် လိပ်များ  စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပတ်သက်၍  လိုအပ်သည်များ       လမ်းညွှန် မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ     တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်    ဇနီး တို့သည်    သုံးနှစ်သားအရွယ်ရှိ ပင်လယ်လိပ်ကြီး    နှစ်ကောင်ကို မြန်မာ့ရိုးရာနှစ်သစ်ကူး    အတာ သင်္ကနြ်အကြိုကာလ   ဇီဝိတဒါန အဖြစ်       ပင်လယ်အတွင်းသို့ ကုသိုလ်ပြု   လွှတ်ပေးကြသည်။ အလားတူ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်  အတူ လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်  ဇနီးများသည်လည်း ပင်လယ်လိပ် များကို ဇီဝိတဒါနအဖြစ် ပင်လယ် အတွင်းသို့   လွှတ်ပေးကြသည်။

 

ယင်းနောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်  အဖွဲ့ဝင်များသည်  နယ်မြေခံ ရေတပ်စခန်းဌာနချုပ်၊ ဒေသနွား  မွေးမြူရေးခြံသို့  ရောက်ရှိကြပြီး တာဝန်ရှိသူများ၏   တင်ပြချက် များအပေါ်   ကိုကိုးကျွန်းဒေသ၏  အသားလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေးအတွက်        ဒေသနွား မွေးမြူရေးလုပ်ငန်းများကို  စနစ် တကျဖြင့်  တိုးချဲ့မွေးမြူသွားရန်၊ အစာကျွေးမွေးမှုများ   စနစ်တကျ  ရှိရန်တို့နှင့်ပတ်သက်၍     တာဝန် ရှိသူများကို     လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း  သိရ သည်။

သတင်းစဉ်