ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် စက်တင်ဘာ ၁၉

 

အမျိုးသား ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ ပထမအကြိမ်  ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အွန်လိုင်းမှ ပါဝင်တက်ရောက်

 

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့် သူများအသင်းမှ ဦးရဲနိုင်စိုးနှင့် ကွန်ပျူတာ ပညာရှင်များအသင်းမှ ဦးဇော်ဝင်းထွန်းတို့က အွန်လိုင်းမှ ပါဝင် တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် အမျိုးသား ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့် ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ၂၈-၈-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေ အမှတ် ၅၃ ဖြင့် လည်းကောင်း၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့် ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင် သည့် ဥပဒေကို (၂၁-၆-၂၀၁၈) ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၉ ဖြင့်လည်းကောင်း၊ နည်းဥပဒေ များကို ပြန်ကြားရေးဝန်ကြီးဌာန ၏ (၂၀-၁၀-၂၀၂၀) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၁၀၄/ ၂၀၂၀ ဖြင့် လည်းကောင်း၊ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကို (၁-၁၁-၂၀၂၁) ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေ အမှတ်၊ ၆၃/၂၀၂၁ ဖြင့်လည်းကောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများအား ထုတ်ပြန်ရေးနှင့် စပ်လျဉ်းပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရုံးခွန် အက်ဥပဒေပြင်ဆင်ရေး ဆောင်ရွက်နေသဖြင့် ခေတ္တဆိုင်းငံ့ထားပါကြောင်း။

 

ပြင်ဆင်ဖွဲ့စည်းခဲ့

 

ထိုဥပဒေ၌ လှိုင်းနှုန်းစဉ်စီမံ ခန့်ခွဲမှု (Spectrum Allocation) နှင့် နည်းပညာပိုင်းဆိုင်ရာ စံနှုန်း သတ်မှတ်ချက်များ (Technical Standard) များကို တာဝန်ယူ ဆောင်ရွက်မည့် အမျိုးသား ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့် ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့နှင့် Content ပိုင်းဆိုင်ရာ များကို တာဝန်ယူထိန်းကျောင်း မည့် ရုပ်မြင်သံကြားနှင့် အသံလွှင့် ကောင်စီတို့ ပါဝင်ပါကြောင်း၊ အမျိုးသား ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကို (၂၅-၁-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာအမှတ် ၂၁/ ၂၀၁၆ ဖြင့် ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့ ကိုပင် ပြင်ဆင်သည့် ဥပဒေပုဒ်မ ၄ အရ (၂၅-၇-၂၀၁၈) ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၈၆/ ၂၀၁၈ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါ ကြောင်း။

 

ကြီးကြပ်ဆောင်ရွက်ရမည်

 

အဖွဲ့အနေဖြင့် ရုပ်သံလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ စီမံချက်နှင့် မူဝါဒများကို ကောင်စီနှင့်လည်းကောင်း၊ လှိုင်းနှုန်းစဉ်စီမံခန့်ခွဲမှုဆိုင်ရာစီမံချက်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန နှင့်လည်းကောင်း ညှိနှိုင်းရေးဆွဲ ချမှတ်ထုတ်ပြန်ရမည်ဖြစ်ပါကြောင်း၊ ထိုကိစ္စများအပြင် နိုင်ငံတော်အတွင်း ရုပ်သံလုပ်ငန်းအတွက် အသုံးပြုမည့် နှစ်စဉ်လှိုင်း နှုန်းစဉ် စီမံခန့်ခွဲမှုဆိုင်ရာစီမံချက် ကို အများပြည်သူသို့ ထုတ်ပြန် ကြေညာခြင်း၊ ရုပ်သံလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်နိုင်မည့် မူဝါဒရေးဆွဲချမှတ်ခြင်း၊ ရုပ်သံထုတ်လွှင့်မှု နည်းပညာနှင့် ရုပ်သံလုပ်ငန်းဆိုင်ရာ ပစ္စည်းများကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ချိခြင်း၊ ရောင်းချခြင်းတို့နှင့် သက်ဆိုင်သည့် နည်းပညာဆိုင်ရာ စံနှုန်း သတ်မှတ်ချက်များအား လည်းကောင်း၊ ရုပ်သံဖမ်းယူခြင်း ဆိုင်ရာ ဂြိုဟ်တုစလောင်းများ၊ ဖမ်းစက်များ၊ ယင်းတို့နှင့် ဆက်စပ်သည့် ပစ္စည်းများ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ချိခြင်း၊ ရောင်းချခြင်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းများကို လည်းကောင်း ကြီးကြပ်ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ဆက်သွယ် ရေး မူဝါဒကြီးကြပ်မှု မူဘောင်တွင် ရုပ်သံလုပ်ငန်းကို တစ်ဆက် တစ်စပ်တည်း ပါဝင်ဖြစ်ထွန်း လာစေရေးအတွက်လည်း ဆက် သွယ်ရေးနှင့် ညှိနှိုင်းဆောင်ရွက် ရမည် ဖြစ်ပါကြောင်း။

 

အဖွဲ့နှင့် ကောင်စီသည် အနာဂတ် Broadcast Industry အတွက် အဓိက Regulator များအဖြစ် ဆောင်ရွက်သွားရမည်ဖြစ် သော်လည်း ကောင်စီကို ယခု အချိန်ထိ ဖွဲ့စည်းနိုင်ခြင်း မရှိသေးပါကြောင်း၊ ကောင်စီကိုယ်စား ကောင်စီ၏ လုပ်ငန်းများအားလုံးကို အဖွဲ့ကဆက်လုပ်ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း။

 

ဝိုင်းဝန်းဆွေးနွေး

 

 နောင်ကို ရှေ့ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ဆွေးနွေးနိုင်ရန် ယခုကဲ့သို့ မျက်နှာစုံညီ အစည်းအဝေးများကို အခါအားလျော်စွာ ကျင်းပသွား မည်ဖြစ်ပါကြောင်းနှင့် အားလုံးက တက်ရောက်ပေးပြီး ဝိုင်းဝန်းဆွေးနွေးပေးရန် ပြောကြားလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် အဖွဲ့ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန် က ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ချုပ် ဦးရဲနိုင်က ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းထားရှိ မှု၊ ပြင်ဆင်မှုနှင့် ဆက်လက် ပြင်ဆင်ရန် ဆောင်ရွက်နေမှု၊ New FM Frequency Migration စီစဉ်ဆောင်ရွက်နေမှုနှင့် MRTV DTH စနစ်ဖြင့် ထုတ်လွှင့်နိုင်ရန် စီစဉ် ဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ဖြည့်စွက်ဆွေးနွေး

 

ဆက်လက်၍ တက်ရောက် လာကြသူများက ရုပ်မြင်သံကြား နှင့် အသံလွှင့်ကောင်စီ အမြန် ဖွဲ့စည်းနိုင်ရေး၊ အမျိုးသားရုပ်မြင် သံကြားနှင့် အသံထုတ်လွှင့်ခြင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက် နေမှုများ၊ ဆက်လက်ဆောင်ရွက် မည့်အစီအစဉ်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြပြီး အမြဲတမ်းအတွင်းဝန် ဦးမျိုး မြင့်မောင်က ဖြည့်စွက်ဆွေးနွေး တင်ပြသည်။

 

ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

သတင်းစဉ်