ကိုဗစ် 19 (COVID-19) ဗိုင်းရပ်စ် ဘယ်နေရာတွေကို ပျံ့နှံ့ပြီးပြီလဲ

၁၃ ဖေဖော်ဝါရီ

 

တရုတ်နိုင်ငံအလယ်ပိုင်းကနေ ၂၀၁၉ ခုနှစ်ပိုင်းက စတင်ပျံ့ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် နိုင်ငံတွင်းမှာ လူပေါင်း ၁၃၅၀ ကျော်သေဆုံးပြီး ကမ္ဘာတစ်ဝန်းကိုပါ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ခဲ့ပါတယ်။

 

တရုတ်နိုင်ငံတွင်းမှာ ရောဂါပိုးကူးစက်ခံရသူ ၆၀ဝ၀ဝ နီးပါးရှိကြောင်း နောက်ဆုံးထုတ်ပြန်တဲ့ သတင်းအရ သိရပါတယ်။

 

ကမ္ဘာ့နေရာဒေသ ၃၀ နီးပါးရှိ အနည်းဆုံး လူပေါင်း ၅၆၅ ဦးမှာ ရောဂါပိုးကူးစက်ခံရပြီး ဟောင်ကောင်နဲ့ ဖိလစ်ပိုင် မှာ လူတစ်ဦးစီသေဆုံးခဲ့ပါတယ်။

 

တရုတ်နိုင်ငံ

 

ကြသပတေးနေ့ ထုတ်ပြန်ချက်အရ လူပေါင်း ၆၀ဝ၀ဝ နီးပါး ရောဂါပိုးကူးစက်ခံရကြောင်း အများစုမှာ ဝူဟန်မြို့တဝိုက်ရှိ လူတွေဖြစ်ကြောင်း သိရပါတယ်။ သေဆုံးသူတွေ ၁၃၅၅ ဦးဟာလည်း အဲဒီဒေသက အများစုဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့အတွက် သေဆုံးတဲ့ အမေရိကန်နိုင်ငံသားဟာ ပထမဦးဆုံးနိုင်ငံခြားသား တစ်ယောက်ဖြစ်ကြောင်း ယုံကြည်ရပါတယ်။

 

ကိုဗစ်19 (COVID-19) ဗိုင်းရပ်စ်ရောက်ရှိနေသော နေရာဒေသများမှာ

 

အာရှဖစိဖိတ်ဒေသ

1)         Diamond Princessသင်္ဘော - ၂၁၈ ဦး 

2)         စင်ကာပူ- ၅၀ ဦး

3)         ဟောင်ကောင် - ၅၀ ဦး (တစ်ဦးသေ အပါအဝင်)

4)         ထိုင်း- ၃၂ ဦး

5)         တောင်ကိုရီးယား - ၂၈ ဦး

6)         ဂျပန်- ၂၈ ဦး

7)         ထိုင်ဝမ် - ၁၈ ဦး

8)         မလေးရှား - ၁၈ ဦး

9)         သြစတြေးလျး - ၁၅ ဦး

10)       ဗီယက်နမ် - ၁၅ ဦး

11)       မကာအို- ၁၀ ဦး

12)       အိန္ဒိယ - ၃ ဦး

13)       ဖိလစ်ပိုင် - ၃ ဦး (တစ်ဦးသေ အပါအဝင်)

14)       နီပေါ - ၁ ဦး

15)       သီရိလင်္ကာ - ၁ ဦး

16)       ကမ္ဘောဒီးယား - ၁ ဦး

 

အနောက်အမေရိက

1)         အမေရိကန် - ၁၄ ဦး

2)         ကနေဒါ - ၇ ဦး

 

ဥရောပ

1)         ဂျာမနီ-  ၁၄ ဦး

2)         ပြင်သစ် - ၁၁ ဦး

3)         ဗြိတိန် - ၉ ဦး

4)         အီတလီ - ၃ ဦး

5)         ရုရှား - ၂ ဦး

6)         စပိန်- ၂ ဦး

7)         ဖင်လန် - ၁ဦး

8)         ဆွီဒင် - ၁ ဦး

9)         ဘယ်လ်ဂျီယံ - ၁ဦး

 

အရှေ့အလယ်ပိုင်း

1)         ယူအေအီး - ၈ ဦး

 

MDN

ကိုးကား- AFP