ကျိန္တလီမြို့ ကျောက်ပါးစပ်တံတားတွင် ကုန်တင်ခြောက်ဘီးကား နောက်ဘီးကျွံကျမှုဖြစ်ပွား

ကျိန္တလီ ၈ ဇူလိုင်


ကျိန္တလီမြို့ ကျောက်ပါးစပ်တံတားတွင် ဇူလိုင် ၇ ရက် ည ၆ နာရီခွဲ အချိန်တွင် ကုန်တင် ခြောက်ဘီးကား နောက်ဘီးကျွံကျမှု ဖြစ်ပွါးကြောင်း သိရှိရသည်။

 

1

 


ဖြစ်စဉ်မှာ  ယာဉ်မောင်း ဟန်ဝင်းနောင်နှင့် ယာဉ်နောက်လိုက် အောင်မျိုးဉီး တို့  ရန်ကုန်မှ သံတွဲမြို့သို့ မောင်းနှင်လာသည့် ကုန်တင် ခြောက်ဘီးကားသည် ကျိန္တလီမြို့ ကျောက်ပါးစပ်တံတားအား ဖြတ်မောင်းလာရာ ကျိန္တလီဘက်ကမ်းနားအရောက်တွင် တံတားအပေါက်အား ရှောင်မောင်းရာ နင်းပျဉ်ကျိုးကျကာ နောက်ဘီးကျွံကျမှုဖြစ်ပွားခဲ့သဖြင့် လမ်းပိတ်ဆို့မှု အခိုက်အတန့်ဖြစ်ခဲ့ကြောင်း သိရသည်။


အဆိုပါတံတားမှာ မိုင်တိုင်အမှတ် ၆၇/၆၈ အကြားရှိ တံတားအမှတ် (၂/၄၆) ဖြစ်ပြီး အရှည်ပေ ၃၀ဝ၊ အကျယ် ၁၅ ပေရှိ သံဘေလီ သစ်သားခင်းတံတားအမျိုးအစားဖြစ်ပြီး ယခင်ကပင် အန္တရာယ်ရှိသော တံတားဖြစ်သည်။


အဆိုပါတံတားကားကျွံကျနေမှုကို ကျိန္တလီမြို့လမ်းဦးစီးဌာန၊ ရတနာမြိုင်ရဲကင်းမှူးနှင့် တာဝန်ရှိသူများသွားရောက်၍ အန္တရာယ်ကင်းရှင်းစွာ ကူညီဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ဇူလိုင်၈ရက် နံနက် ၁၀ နာရီခန့်တွင် လမ်းပွင့်ကာ သံတွဲရန်ကုန်ကားများနှင့် ခရီးသွားပြည်သူများ သွားလာနိုင်ပြီဖြစ်ကြောင်း ကျိန္တလီမြို့လမ်းဉီးစီးဌာနမှ သိရှိရသည်။


ကျိန္တလီပြန်/ဆက်