ခုခံအားကျဆင်းမှုကူးစက်ဝေဒနာ ခံစားနေရသော ကလေးငယ်များကို နှစ်သစ်မှာလှူဒါန်းခဲ့သည့် အနုပညာ ရှင်များ

ရန်ကုန် ၁ ဇန်နဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်း (၁၁) ရပ်ကွက်၊ ဟိုင်စင်ဒူးဝါလမ်းရှိ  ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေးဂေဟာ (N.A.C (N.L.D) AIDS CENTER ) သို့  ဦးဂျွန်လွင် (Stars & Models) မိသားစု နှင့် မိတ်ဆွေများ  ၊ အလှဖန်တီးရှင် မိတ်ကပ်ပညာရှင် ခင်စန်းဝင်း၊ အဆိုတော်ဇွဲပြည့်နှင့် မိတ်ဆွေအလှူရှင်များ စုပေါင်းပြီး ၊ အလှူငွေ ၂၇၇၀ဝ၀ဝ သိန်းနှင့် စားသောက်ဖွယ်ရာများကို သွားရောက်လှူဒါန်းခဲ့ကြသည် ။

 

အဆိုပါ N.A.C ပရဟိတဂေဟာတွင်  ခုခံကျဆင်းမှုကူးစက်ရောဂါ ခံစားနေရသော ကလေးငယ် ကျား (၃၂) ဦး ၊ မ (၃၀) ဦး စုစုပေါင်း (၆၂) ဦးရှိပြီး နေ့စဉ် ထိုကလေးများအတွက် ကူညီစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း၊ အမှန်တကယ် ဒုက္ခရောက်နေသူ မိဘမဲ့ကလေးများနှင့် ရောဂါဝေဒနာ ခံစားနေရသူများ နေထိုင်ရန် အတွက် အဆောက်အဦးသစ်ကိုလည်း ဆောက်လုပ်လျက်ရှိရာ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ဝ၉-၇၉၅၆၅ ၇၀၁၇ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည် ။

 

ကိုလင်း