ခရိုင်အုပ်ချုပ်ရေးမှူးဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုပေးပွဲ မိတ္ထီလာမြို့နယ်၌ ကျင်းပ

မိတ္ထီလာမြို့နယ်၌ ခရိုင်အုပ်ချုပ်ရေးမှူးဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၃ နာရီက ပေါက်ချောင်းဘောလုံးကွင်းတွင် ကျင်းပရာ ဗိုလ်လုပွဲတွင် သာစည်မြို့နယ်အသင်းက အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်ရဲတပ်ဖွဲ့ရုံးမှ ဒုတိယရဲမှူးတင့်နိုင်၊ မိတ္ထီလာခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာမောင်စိုး၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်နီလာဝင်း၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ထွေးတို့က ပြိုင်ပွဲတွင် ပထမဆုရရှိသည့် သာစည်မြို့နယ်အသင်းနှင့် ဒုတိယဆုရရှိသည့် ဝမ်းတွင်းမြို့နယ် အသင်းတို့အား ဆုများချီးမြှင့်ပြီး ပြိုင်ပွဲတွင် နေရာအလိုက် ဆုရရှိသည့် အားကစားသမားများအား ဆုများပေးအပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့ပြီး မိတ္ထီလာခရိုင် အတွင်းရှိ မိတ္ထီလာ၊ သာစည်၊ မလှိုင်၊ ဝမ်းတွင်း မြို့နယ်များမှ အသင်း(၄)သင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)