ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး ဒုတိယနေ့ပွဲစဉ်များတွင် အသင်းကြီးများ နိုင်ပွဲပျောက်ဆုံးခဲ့

ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး ဒုတိယနေ့ပွဲစဉ်များကို ကြာသပတေးနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး အသင်းကြီးများဖြစ်သည့် မန်ယူ၊ ဂျူဗင်တပ်၊ ရီးယဲလ်မက်ဒရစ်အသင်းတို့ ရှုံးပွဲကိုယ်စီကြုံတွေ့ခဲ့ပြီး အခြားအသင်းကြီးအများစုမှာလည်း နိုင်ပွဲပျောက်ဆုံးကာ မန်းစီးတီးအသင်း တစ်သင်းသာ နိုင်ပွဲရရှိခဲ့သည်။

ချန်ပီယံလိဂ် အုပ်စု(H) ပွဲစဉ်တွင် မန်ယူအသင်းမှာ ဗလင်စီယာအသင်း၏ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး နှစ်ဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို ဂျူဗင်တပ်အသင်းမှာလည်း  ယန်းဘွိင်းစ်အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ 

အုပ်စု(G) တွင် ရီးယဲလ်မက်ဒရစ်အသင်းက အိမ်ကွင်းဘာနေဗျူးတွင် CSKA မော်စကို အသင်းကို လက်ခံယှဉ်ပြိုင်ကစားခဲ့သော်လည်း သုံးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။ အလားတူ ရိုးမားအသင်းမှာလည်း ဗစ်တိုးရီးယာပါလ်ဇန် အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ 

 

အုပ်စု (F)တွင် မန်စီးတီးအသင်းက ဟော်ဖန်ဟင်မ်အသင်းကို အိမ်ကွင်းတွင် ဟော်ဖန်ဟင်မ်ကို ဦးဆောင်ဂိုး စတင်ခွင့်ပြုလုပ်ရသော်လည်း ဆာနေး၏ သွင်းဂိုး နှစ်ဂိုးဖြင့် နှစ်ဂိုး တစ်ဂိုးရလဒ်နှင့် အနိုင်ရရှိခဲ့သည်။ 

ချန်ပီယံလိဂ်အုပ်စုနောက်ဆုံး ဒုတိယနေ့ပွဲစဉ်များအပြီးတွင် အုပ်စု(E)တွင် ဘိုင်ယန်မြူးနစ်နှင့် အေဂျက်စ်၊ အုပ်စု (F) တွင် မန်စီးတီးနှင့် လိုင်ယွန်၊ အုပ်စု(G) တွင် ရီးယဲလ်မက်ဒရစ်နှင့် ရိုးမား၊ အုပ်စု(H)တွင် မန်ယူနှင့် ဂျူဗင်တပ်အသင်းတို့ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့သည်။

ချန်ပီယံလိဂ်အုပ်စု(ဒုတိယနေ့)ပွဲစဉ်ရလဒ်များ

 

အေဂျက်စ် ၃ - ၃ ဘိုင်ယန်မြူးနစ်

 

ဘင်ဖီကာ ၁ - ၀ AEK အေသင်

 

မန်စီးတီး ၂ - ၁ ဟော်ဖန်ဟင်မ်

 

ရှက်တာဒိုးနက် ၁ - ၁  လိုင်ယွန်

 

ရီးယဲလ်မက်ဒရစ် ၀ - ၃ CSKA မော်စကို

 

ဗစ်တိုးရီးယာပါလ်ဇန် ၂ - ၁ ရိုးမား

 

ဗလင်စီယာ ၂ - ၁ မန်ယူ

 

ယန်းဘွိင်းစ် ၂ - ၁ ဂျူဗင်တပ်

 

MDN