ခင်ဦးမြို့ ပြန်/ဆက်ရုံးတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် စက္ကူပန်းပွင့်ပြုလုပ်နည်းသင်တန်းဖွင့် 

ခင်ဦး  ၁၆  မေ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး  စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် စက္ကူပန်းပွင့် ပြုလုပ်နည်းသင်တန်းကို မေလ ၁၅ ရက် မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန Community Center တွင်ကျင်းပပြုလုပ်သည်။

 

2019

 

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်ကြည်ဆန်းက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။ 

ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဒုံစေ့နှင့် အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများက မေယု-မျိုးအောင်(MANA) ရေးသားသော ''မေလအတွင်း အပူဒဏ်အန္တရာယ် ဆက်လက်သတိပြုကာကွယ်'' ဆောင်းပါးကို ဖတ်ကြားပြီး မိမိဒေသ ယခုလက်ရှိ ဖြစ်ပေါ်နေသော အပူချိန်များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။

ဆက်လက်ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဒုံစေ့က ရောင်စုံစက္ကူဖြင့် ပန်းပွင့်ပြုလုပ်နည်း သင်တန်းကို (၃) ရက်ကြာ သင်ကြားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ (၂၀) ဦး တက်ရောက်သည်။ ရောင်စုံစက္ကူဖြင့် ပန်းပွင့်ပုံပြုလုပ်နည်း (၄) မျိုးကို သင်ကြားပေးမှာဖြစ်ကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)