ချမ်းမြသာစည်မြို့နယ်တွင် မီးဖြတ်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်

မန္တလေး   ၇  ဖေဖော်ဝါရီ

 

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၄)ရပ်ကွက်၊ ၆၀×၆၁ လမ်းကြား၊ သဇင်လမ်းနှင့် ကံကော်လမ်းကြားတွင် ယနေ့ နံနက် ၆ နာရ ၄၀ မိနစ်က မီးဖြတ်စက် အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

မီးလောင်ရာသို့ မီးငြိမ်းသတ်ယာဉ် (၈)စီး၊ ရေသယ်ယာဉ် (၂)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီးနှင့် သန္ဓေမီးသတ် (၃၀)ဦး၊ အရန်မီးသတ်ဦးရေ (၇၀) နှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၆ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်မှုကြောင့် မြေစိုက်ထရံကာ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။ 

 

မီးလောင်မှုကြောင့် မီးပေါ့ဆစွာ သုံးစွဲသူ ဦးခင်မောင်တင့်အား ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁) နယ်မြေရဲစခန်းမှ  အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)