ချမ်းအေးသာစံမြို့နယ်၊ ချင်းရွှေဟော်၊ တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၅ ဇွန် 
    

 

မူးယစ်တပ်ဖွဲ့စု(၁၇) မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၃ ရက် ညနေပိုင်းက ချမ်းအေးသာစံမြို့နယ်၊ ၇၃ လမ်း၊ ၂၈ × ၂၉ လမ်းကြားရှိ ပိုးထည်ဆိုင်တွင် မူးယစ်ဆေးဝါးများပါရှိသည့် ကတ္တူပုံး ၁ ပုံးရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ပုံးအတွင်းတွင် ပန်းသီးများနှင့်ရောနှောထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ၀ သိမ်းဆည်းရမိခဲ့သည်။ 
    

 

အလားတူ ဇွန် ၄ ရက် ည ၈ နာရီက မူးယစ်တပ်ဖွဲ့စု(၂၁) ကွမ်းလုံမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့အဝင်၊ ရာဘာကုန်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျူးဖူးစိမ်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀ဝ ကိုလည်းကောင်း။
    

 

ထို့အတူ ယင်းနေ့မွန်းလွဲ ၃ နာရီက မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဟိုနား(အာခါ) ကျေးရွာရှိ ဒေါ်အားဒို၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၂၀၈ ပြား၊ အိုက်စ် ၁၂ ဂရမ်နှင့် ဘိန်းစိမ်း ၂၅၀ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို    ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 


ကိုရဲ