ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ကြီးဆီသို့ ဝင်ပေါက်


မြင့်စိုး (နတလ)

တစ်နှစ်တစ်ခေါက်ရောက်ခဲ့သည်။

သေချာပြန်တွက်ကြည့်တော့ မြန်မာပြည်မြောက်ဖျားဆီက ပန်နန်းဒင်ဟုအမည်ရသော မြို့လေးရှိရာသို့ စာရေးသူသုံးကြိမ်သုံးခါမြောက်အောင်ကိုတစ်နှစ်တစ်ခေါက် ပုံမှန်ရောက်ဖြစ်နေပါရောလား။ ၂၀၁၈ ခုနှစ် မတ်လမှာ ပထမအကြိမ်၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာတော့ MRTV ရိုက်ကူးရေးအဖွဲ့နှင့်အတူ ဒုတိယအကြိမ် ယခု ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတတိယပတ်ထဲမှာ တတိယအကြိမ် သို့တိုင်ခဲ့ပြီ။ သူ့ထက်စာလျှင် သွားလမ်းသာ၍ လာလမ်းပိုသင့်သော နောင်မွန်မြို့လေးသို့မူ ၂၀၁၈ ခုနှစ်အတွင်း တစ်ခေါက်ရောက်ပြီးကတည်းက ခြေဦးမလှည့်ဖြစ်တော့ပေ။ ဤသို့ဆိုလျှင် ကျွန်တော်၏ သံယောဇဉ်သည် နောင်မွန်ထက် ပန်နန်းဒင်ဘက်သို့ အလေးသာသွားလျော့ လေသလား အမေးစကားရှိလာငြားအံ့၊ဟုတ်မှန်ကြောင်း ဝန်ခံပါသည်။ ကျွန်တော်ပြောခဲ့ပြီးပြီလေ၊ နောင်မွန် ဆိုတာက မြို့နယ်အဆင့်ရှိမြို့တစ်မြို့၊ ဌာနဆိုင်ရာ ရုံးတွေ၊ ဖုန်းလိုင်းတွေးကားတွေနှင့် သင့်တင့်လျောက်ပတ်သည့် ဂုဏ်ရှိန်ရောင်ဝါလေးရှိနေသည်။ လမ်းပန်း ဆက်သွယ်ရေးကိုကြည့်ပါ။ ပူတာအို-မချမ်းဘော့မှ ရပ်ဘော့သို့ ၆၇ မိုင်၊ ရပ်ဘော့မှ နောင်မွန်မြို့ သို့ ၁၁ မိုင် စုစုပေါင်း ၇၈ မိုင်မျှသာရှိသောခရီးကို နွေ၊ မိုး၊ ဆောင်း တုသုံးပါးစလုံး အချိန်နာရီမရွေး၊ နေ့ညမဟူ ကြိုက်သည့် အချိန်ထသွားလို့ရသည်။ ပူတာအိုကနေ စတွက်လျှင် ၁၀၇ မိုင်ရှိသော၊ ရပ်ဘော့တွက်လျှင် မိုင် ၃၀ ရှိသော ပန်နန်းဒင်လမ်းကမူ နွေရာသီ ခြောက်ခြောက်သွေ့သွေ့ မှာသွားပါက မည်သည့်ကန့်သတ်ချက်မျှမရှိနိုင်သော်လည်း မိုးတွင်းကာလ၌မူ အမြင့်ပေ ၇၀၀ ကျော်ရှိ ဝိုင်ဖီတောင်အတက်၊ အဆင်းကို မေ့ထား၍ မရပေ။ အထူးသဖြင့် ပန်နန်းဒင်ဘက်မှအပြန်ကို ပို၍ ဂရုပြုရ၏။ ယခင်က မြို့နယ်ခွဲအဆင့်ဖြစ်ခဲ့ဖူး၍ ရုံးတွေးဝန်ထမ်းတွေ ရှိခဲ့သော်လည်း ဖွဲ့စည်းပုံအရ ယခုအခါ မြို့အဆင့်သာဖြစ် သောကြောင့် ရုံးအစောင့်များနှင့် ရဲစခန်းလောက်သာ ကျန်ပါတော့သည်။ ဆက်သွယ်ရေးအတွက်ထားရှိပေးသော Ip-Star စလောင်းကြီးမှာလည်း မကောင်းတော့ပေ။ သည့်အတွက် ထိုဒေသမှလူများ ဖုန်းဆက်လိုလျှင်နောင်မွန်မြို့ သို့ပြေးရသည်။ ဆိုင်ကယ်မရှိလျှင် ကယ်ရီခက အသွားချည်းပဲ လေးသောင်း၊ ငါးသောင်း။ အသွား၊ အပြန်ရပါမူ တွက်၍သာ ကြည့်ပါတော့။ သည့်အတွက် ဝိုင်ဖီတောင်ထိပ်မှာ သို့မဟုတ် ပန်နန်းဒင်မြို့လေးမှာ ဆက်သွယ်ရေးအော်ပရေတာတိုင် တစ်ခုခုပေါ်ပေါက်လာ ခဲ့သော် ပန်နန်းဒင် နယ်သူနယ်သားများနှင့် ထိုဒေသမှာ တာဝန်ထမ်းဆောင်နေကြသည့် ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းများက သိန်းထီပေါက်တာထက် ပို၍ဝမ်းမြောက်ဝမ်းသာရှိကြမည်မှာ အလွန်သေချာသည်။ ပန်နန်းဒင်မြို့ပေါ် လူဦးရေကတော့နည်းသည်။ ရပ်ကွက်တစ်ခု အိမ်ခြေ ၂၂၊ အိမ်ထောင်စု ၂ဝ၊ လူဦးရေ ၁၁၉ ဦးဟု ယမန်နှစ်က ကျွန်တော်မှတ်ယူလာခဲ့ရာ အတိုး၊ အလျော့ မများတန်ရာ။ မြို့ပတ်ဝန်းကျင်တွင် ငါ့ဝါးဇွန်ဒမ်း၊ တဆူထု၊ အလီအောင်၊ မခွမ်ကန်ဟူ၍ ကျေးရွာအုပ်စု ငါးစုနှင့် လူဦးရေ ၁၈၀၀ ခန့် နေထိုင်လျက်ရှိကြသည်။

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ဆိုသည်မှာ

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့နယ်အတွက် ဂုဏ်ယူဖွယ်ရာဝိသေသတစ်ခုမှာ မြန်မာနိုင်ငံတွင် အမြင့်ဆုံးဖြစ်သည့် ခါကာဘိုရာဇီတောင်ထွတ်သည်နောင်မွန်မြို့၏အနောက်မြောက်အရပ်တွင် တည်ရှိနေခြင်း ပင်တည်း။ အမြင့်ပေ ၁၉၂၉၆ ပေရှိသည်။ တိဗက်ဘာသာစကားအရ ဆီးနှင်းများထာဝရတည်ရှိနေသောတောင်ဟု အဓိပ္ပာယ်ရကြောင်း၊ ရဝမ်လိုကတော့ အထန်ကွန်ရာဇီဟု ခေါ်ကြပြီး အထန်ဆိုသည်မှာ အလွန်မြင့်မား၍ အဘက်ဘက်မှ ရှင်းလင်းပြတ်သားစွာ မြင်ရသော၊ ဘွန်ဆိုသည်မှာ ဝပ်စင်းနေခြင်း၊ ရာဇီက တောင်ဖြစ်သောကြောင့် အဘက်ဘက်မှလှမ်း၍မြင်နေရသည့် ဝပ်စင်းနေသောတောင်ကြီးဟု အဓိပ္ပာယ်ရကြောင်း သိရပါသည်။

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ကမူ နောင်မွန်မြို့နယ်နှင့် ပန်နန်းဒင်ဒေသအတွင်း မြောက်လတ္တီတွဒ် ၂၇ ၃၀'နှင့် ၂၈ ၃၀' အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ၁၅နှင့် ၉၈° ၁၅' အကြား တည်ရှိနေပြီး အကျယ်အဝန်းအားဖြင့် ၁၄၇၂ စတုရန်းမိုင် (၉၄၂၀၀၀ ဧက) ခန့် ရှိပါသည်။ အရှေ့ဘက်နှင့် မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ အနောက်ဘက်၌ အိန္ဒိယနိုင်ငံ အနေခက်တောင်ဘက်တွင် ဖုန်ကန်ရာဇီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနှင့် နယ်မြေဆက်စပ်သည်။ နိုင်ငံတော်က ၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့၌ အမိန့်ကြော်စာထုတ်၍ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ပေးခဲ့ပြီး လက်ရှိ၌ မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး သဘာဝ ထိန်းသိမ်းရေးနယ်မြေအဖြစ် ရပ်တည်လျက်ရှိသည်။ ၎င်းပြင် အမျိုးအစားစုံလင်သော တောရိုင်းတိရစ္ဆာန်များနှင့် အပင်မျိုးစိတ်များရှိခြင်း၊ ထူးခြားသည့် ဂေဟစနစ်များနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို ပိုင်ဆိုင်ထားခြင်းကြောင့် အာဆီယံအမွေအနှစ်ဥယျာဉ် (ASEAN Heritage Park) အဖြစ် ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့၌ သတ်မှတ်ခြင်း ခံခဲ့ရပါသည်။ လတ်တလော မှတ်တမ်းများအရ သစ်ပင် မျိုးပေါင်း ၂၉၇ မျိုး၊ ဝါးမျိုးပေါင်း ကိုးမျိုး၊ ကြိမ်မျိုးပေါင်း ၁၀။ ဆေးဘက်ဝင်အပင်ပေါင်း ၂ မျိုး၊ သစ်ခွမျိုးပေါင်း ၇၄ မျိုး၊ နို့တိုက်သတ္တဝါ ၄၂ မျိုး၊ ငှက်မျိုးစိတ်ပေါင်း ၃၇၀ လိပ်ပြာ မျိုးစိတ်ပေါင်း ၃၆၅ မျိုး၊ ကုန်းနေရေနေတွားသွားသတ္တဝါ ၈၄ မျိုး၊ ပိတုန်းမျိုးစိတ်ပေါင်း ၄၉ မျိုးရှိကြောင်း သိရသည်။ ငါးရောင်ငှက်ခေါင်းပြူး ငှက်မင်းသား၊ ငှက်ဘီလူး၊ ထပ်တယူ၊ ဒင်ကျီး၊ သစ်တောက်ငှက်၊ အမြီးဝိုင်းငှက်၊ ေ ငှက်၊ အောင်လောင်ငှက်အမျိုးမျိုး၊ ရေခဲတောင်ဆိတ်၊ နှက်၊ ဆက် ခလောက်၊ ပန်းနီ၊ မလေးဝက်ဝံ၊ ဖြူကြီး၊ ဖြူ မီးဖွား၊ သင်ကြောင်း သားမင်း၊ အင်းကျား၊ တောင်ဆိတ်နီ၊တောဆိတ်အမျိုးမျိုး၊ ကြောင်မင်း၊ ကြောင် ခြင်း၊ ကြောင် သလင်းနှင့် မြောက်မြီးရှည်သတ္တဝါများကို လေ့လာတွေ့ရှိ နိုင်ကြောင်းလည်း သိရပါသည်။ ။

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ကို အောက်ပါ ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သည်- 
(က) ဟိမဝန္တာအရှေ့ဖျားနှင့် ဆက်စပ်နေသော မြန်မာနိုင်ငံမြောက်ဘက်စွန်း ဆီးနှင်း ဖုံးဒေသရှိ ဇီဝမျိုးစုံမျိုးကွဲများနှင့် ၎င်းတို့၏ဂေဟစနစ်အား ထိန်းသိမ်းကာကွယ်ရန်။ 
( ခ) ဧရာဝတီမြစ်ဖျားရေဝေဒေသနှင့် သဘာဝပတ်ဝန်းကျင်းအား ထိန်းသိမ်းကာကွယ်ရန်၊ 
(ဂ) သဘာဝအခြေခံခရီးသွားလုပ်ငန်းအားတိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ အကျိုးစီးပွားကို အထောက်အကူပြုရန်။


နတလက ဖောက်လုပ်နေသော ပန်နန်းဒင်-ဟွမ်ဒမ်းလမ်း ၆၃/၀ မိုင်

ရပ်ဘော့မှ ပန်နန်းဒင်လမ်း (၃၀/ဝ)မိုင်ကို ၂၀၀၀၂၀၀၉ ဘဏ္ဍာနှစ်တွင် နတလက စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ ယင်းလမ်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန (ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း)သို့ လွှဲပြောင်းပေးခဲ့သည်။ ပညာ၏ကျေးဇူးကြောင့် ယခုအခါ ပန်နန်းဒင်မြို့အနီး နမ့်တမိုင်ချောင်းထိပ်အထိ လမ်းပေါက်သွားကာ ကားများအတက်၊ အဆင်း ပြုလုပ်နိုင်ခဲ့ သည်။ နှမ်တမိုင်ချောင်းအား ဖြတ်ကူးနိုင်မည့် တံတားတည်ဆောက်ပေးရန် တံတားဦးစီးဌာနက နေရာရွေးချယ် သတ်မှတ်ပြီးဖြစ်ကြောင်း သိရသည်။ ကြိုးတံတားပေါ်မှာ ဆိုင်ကယ်များသာ ကူးနိုင်၏။

ထိုသို့တံတားမရှိသေးသောအခြေအနေမှာပင် နတလ အင်ဂျင်နီယာဌာန၏ကြီးကြပ်မှုဖြင့် ကူးတို့ဖောင်ဖွဲ့လျက် ယန္တရားကြီးများကို နမ်တမိုင်ချောင်းတစ်ဖက်ကမ်းသို့ ပို့ဆောင်ကာ ပန်နန်းဒင်-ဒဟွမ်းဒမ်းလမ်း ၆၃/၀ မိုင်ကို ဖောက်လုပ်လျက်ရှိသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ မြေလမ်း ၁၅/၀ မိုင်ဖောက်လုပ်ခဲ့ပြီး Box Culvert ၁၀ စင်း တည်ဆောက်ထားပြီး ဖြစ်သည်။ ယင်း လမ်းဖောက်လုပ်ပြီးစီးပါက ပန်နန်းဒင်နှင့် ငါဝ။ ကပိုင်၊ ဒုံဖုံ၊ ထအွန်ဒမ်း၊ ဆန်ဒမ်း၊ မဒိန်း တဆူထု၊ ထလာ ထု။ ခရောင်း၊ တဟွမ်ဒမ်းကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာတို့ကို အကျိုးပြုမည့်အပြင် အထက်မှာတင်ပြ ထားသည့် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ကြီးအတွက် လည်း များစွာအထောက်အကူရစေမည်ဖြစ်ပေသည်။ ထိုလမ်းသည် မဂ္ဂဇ-ခေါင်လန်ဖူးလမ်းကဲ့သို့ပင် ဒေသခံ တိုင်းရင်းသားများ မျှော်လင့်ကြီးစွာစောင့်စား နေသည့် ဒုတိယမြောက် အိပ်မက်လမ်းတစ်သွယ်ပါ တည်း။ ။

ပန်နန်းဒင်ဒေသပညာရေး 

၂၀၁၈ ခုနှစ် မတ်လမှာ ကျွန်တော် ဒုတိယ ညွှန်ကြားရေးမှူးချုပ်တာဝန်ဖြင့် သွားရောက်ခဲ့စဉ်က ပန်နန်းဒင်ဒေသရှိ ကျောင်းများအတွက် ဆိုလာမီး အစုံ ၃၀။ ပန်နန်းဒင်အထက(ခွဲ)အတွက် ဆိုလာမီးနှင့် ဝန်ထမ်း အိမ်ရာ နှစ်လုံး၊ မြို့ဦးဘုန်းတော်ကြီးကျောင်းပြုပြင်ရန် အလှူငွေကျပ်သိန်း ၃၀ တို့ကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်ထံတင်ပြ၍ ထောက်ပံ့ပေးခဲ့ ဖူးသည်။ ၂၀၁၉ ခုနှစ် ဒုတိယအကြိမ်မှာလည်း ပန်နန်းဒင် အထက(ခွဲ)သို့ ရောက်ဖြစ်ခဲ့သည်။ ထိုနှစ်က တက္ကသိုလ် ဝင်တန်းကျောင်းသား တစ်ဦးရှိသော်လည်း ၉ တန်းကျောင်းသားမရှိကြောင်း သိခဲ့ရသည်။ ယခုနှစ် ပညာသင် နှစ်တွင်လည်း ပန်နန်းဒင်အထက(ခွဲ)၌ ၉တန်း၊ ၁၀ တန်းကျောင်းသားမရှိသေးဘဲ မူလတန်းအဆင့်တွင် ၁၇ ဦး၊ အလယ်တန်းအဆင့်တွင် ၂၂ ဦး စုစုပေါင်းကျောင်းသားကျောင်းသူ ၃၉ ဦးရှိကြောင်း မေးမြန်းသိရှိရပါသည်။ ပတ်ဝန်းကျင်ကျေးရွာများနှင့်လည်း အလှမ်းဝေးသည်။ ထိုဒေသ၏ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွား အခြေအနေများသည် ပညာရည်မြင့်မားရေးအတွက် တိုက်ရိုက်အချိုးကျနေပါလိမ့်မည်။

ပန်နန်းဒင်မြို့လေးမှ ကျွန်တော်တို့အဖွဲ့ ပြန်အထွက်တွင် ဝန်ထမ်းတစ်ဦး ကားကြုံးလိုက်လိုကြောင်း သိရ၍ တစ်ပါတည်းတင်ခေါ်ခဲ့သည်။ အလီအောင်ကျေးရွာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ် ဦးအောင်မြင့်သိန်း ဖြစ်ပြီး နောင်မွန်တွင် သင်တန်းသွားတက်ရန် ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ အလီအောင်ကျေးရွာသည် ပန်နန်းဒင်မှ မိုင် ၃၀ ခန့်ဝေးကွာသဖြင့် လမ်းမှာ နှစ်ညအိပ် လမ်းလျှောက်ခဲ့ရကြောင်း သိရသည်။ နိုင်ငံတော်က ပန်နန်းဒင်-ဒဟွမ်ဒမ်းလမ်းကြီး ဖောက်လုပ်ပေးနေသကဲ့သို့ ဒေသတွင်းလမ်းများကောင်းမွန်အောင်၊ ဆက်သွယ်ရေးစနစ် အဆင်ပြေအောင် ဆောင်ရွက်ပေးရပါဦးမည်။ သို့မှသာ ပန်နန်းဒင်ဒေသ၏ လူမှုစီးပွားဘဝနှင့် ပညာရေး၊ ကျန်းမာရေးအခြေအနေများ တိုးတက်ကောင်းမွန် လာမည်ဖြစ်ပေသည်။ ။
ကြေးမုံ