ချီလီနိုင်ငံတွင် ပြင်းအား ၆ ဒသမ ဝ ပမာဏ ငလျင်လှုပ်ခတ်

၄ ဒီဇင်ဘာ

 

ချီလီနိုင်ငံ ပင်လယ်ကမ်းခြေမြို့ဖြစ်သော အရီကာမြို့တွင် ယမန်နေ့ မနက် ၃ နာရီ ၄၆ မိနစ်ခန့်က ပြင်းအား ၆ ဒသမ ဝ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့သည်ဟု  အမေရိကန် ဘူမိဗေဒ လေ့လာရေးအဖွဲ့က ပြောကြားခဲ့သည်။

 

အဆိုပါ ငလျင်ဗဟိုချက်မှာ အနက်  ၃၂ ဒသမ ၄၄ ကီလိုမီတာရှိကြောင်း ဖော်ပြထားသည်။

 

အရီကာမြို့သည် ပီရူးနိုင်ငံနယ်စပ်၊ ချီလီနိုင်ငံမြောက်ပိုင်းတွင် ရှိသည်။

 

ထိခိုက်ဒဏ်ရာရမှုနှင့်ပျက်စီးမှု သတင်းများ ယခုအထိဖော်ပြထားခြင်းမရှိသေးပေ။

 

ချီလီနိုင်ငံတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့က နောက်ဆုံးလှုပ်ခတ်ခဲ့သော ပြင်းအား ၆ ဒသမ ခုနစ် ပမာဏရှိ ငလျင်သည် ချီလီနိုင်ငံမြောက်ပိုင်း ကိုကွမ်ဘို ဒေသတွင် လှုပ်ခတ်ခဲ့ပြီးနောက် နှစ်ဦးထက်မနည်း သေဆုံးခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို